A d v e r t i s e m e n t With Us

ဆိုက်​ရောက်​ဗီဇာ ပြန်ခွင့်​​ပြုရန် ခရီး​သွား​​လုပ်ငန်း​​ရှင်​များ​ ​တောင်း​​ဆိုမည်

ကမ္ဘာလှည့်​​ခရီး​သည်​တွေ မြန်မာပြည်​ကို ပိုပြီး​​လာ​ရောက်​လည်ပတ်ဖို့​ အတွက် မနှစ် နှစ်လယ်က​လို ဆိုင်​ရောက်​ဗီဇာထုတ်​ပေး​ဖို့​ ခရီး​သွား​​​လုပ်ငန်း​ရှင်​တွေက အလိုရှိ​နေကြ​ပါတယ်။ ဆိုက်​ရောက်​ဗီဇာ ပြန်လည်​ခွင့်​ပြုဖို့​၊​ ​လေဆိပ်​အသုံး​ပြုခွင့်​ အခွန်အခ​တွေ ​လျှော့​ချ​ဖို့​အပါအဝင် ကမ္ဘာလှည့်​​ခရီး​သွား​​လုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် တခြား​တင်း​ကျပ်ထား​တဲ့​ ကိစ္စရပ်​တွေ ​တော်​တော်များ​များ​ ​လျှော့​ချ​ပေး​ဖို့​ အစိုး​ရသစ်အဖွဲ့​မှာပါတဲ့​ ဟိုတယ်နှင့်​ခရီး​သွား​ဝန်ကြီး​ကို လုပ်ငန်း​ရှင်​တွေက ​တောင်း​ဆိုဖို့​စီစဉ်ထား​တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။ “ကျ​နော်က​တော့​ ​လော​လောဆယ် ဆိုက်​ရောက်ဗီဇာ​တွေ ပြန်ပြီး​တော့​ ဖွင့်​ပေး​ဖို့​၊​ ​နောက်ပြီး​ရင် ​လေ​ကြောင်လိုင်း​တွေကိုလည်း​ ပိုလာချင်​အောင် ဒီဘက်က သက်သာ​အောင် လုပ်​ပေး​ဖို့​၊​ ​နောက်တခါ ဟိုတယ်​တွေ၊​ အခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ပြန်ပြီး​တော့​ လာနိုင်​အောင်​ပေါ့​နော်။ အခုက တီစီတို့​ ဘာတို့​လည်း​ မရှိ​တော့​ဘူး​လေ။ ဝန်ကြီး​တွေက တိုက်ရိုက်တာဝန်ခံပြီး​တော့​ အစိုး​ရရဲ့​ အ​နေအထား​ဖြစ်သွား​တော့​ ပိုပြီး​တော့​ လမ်း​ပွင့်​သွား​မယ် ထင်ပါတယ်။” လာမယ့်​သောကြာ​နေ့​ ပြုလုပ်မယ့်​ ဟိုတယ်နှင့်​ခရီး​သွား​လာ​ရေး​ဝန်ကြီး​နဲ့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ကြတဲ့​ပွဲမှာ တင်ပြ​တောင်း​ဆိုမှာ ဖြစ်ပါတယ်။ ဆိုက်​ရောက်ဗီဇာ ထုတ်​ပေး​ခဲ့​တဲ့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​မေလ ၁ ရက်က​နေ ဩဂုတ် ၃၁ ရက်ထိ ကမ္ဘာလှည့်​ခရီး​သည်ဦး​ရေ ၈ ​သောင်း​လောက် ဝင်​ရောက် လည်ပတ်ခဲ့​ကြပါ တယ်။ ကမ္ဘာလှည့်​ခရီး​သည်​တွေ သိသိသာသာတိုး​တက်ခဲ့​တဲ့​အတွက် ခရီး​သွား​လုပ်ငန်း​ရှင်​တွေက အခုလို​တောင်း​ဆိုဖို့​ ပြင်ဆင်​နေတာ ဖြစ်ပါတယ်။ လက်ရှိအ​နေအထား​မှာ ခရီး​သည်ဝင်​ရောက်မှုအ​နေအထား​နဲ့​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ပျံသန်း​မှု အချိုး​အစား​ မညီတဲ့​အတွက် ခရီး​သွား​လုပ်ငန်း​တွေ အခက်​တွေ့​နေကြပါတယ်။ ခရီး​သွား​ရာသီမှာ ခရီး​သည်ဝင်​ရောက်မှု များ​ပြား​ပေမယ့်​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ခရီး​စဉ်​တွေ အလုံအ​လောက်မ​ပြေး​ဆွဲ​ပေး​နိုင်တဲ့​အတွက် အခက်​တွေ့​နေကြတာ ဖြစ်ပါတယ်။ ဒါ့​အပြင် ရန်ကုန်ကလွဲပြီး​ တခြား​မြို့​တွေမှာ နိုင်ငံတကာအဆင့်​မီ ဟိုတယ်ခန်း​တွေ အလုံအ​လောက်မရှိတဲ့​အတွက် ပြည်ပရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်လာ​အောင် ​ဆောင်ရွက်​ပေး​ဖို့​ လိုအပ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေက ​ပြောဆို​နေကြပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ပြည့်​နှစ်ထဲ အာဆီယံနိုင်ငံ​တွေအနက် လာအိုမှာ ၁ သန်း​ကျော်၊​ ဗီယက်နမ်မှာ ၄ သန်း​ ​ကျော်၊​ က​မ္ဘောဒီး​ယား​မှာ၂ သန်း​ကျော် ကမ္ဘာလှည့်​ခရီး​သည် ဝင်​ရောက်လည်ပတ်ခဲ့​ပြီး​ မြန်မာနိုင်ငံကို​တော့​ ၃ သိန်း​ကျော် လာ​ရောက် လည်ပတ်ခဲ့​ပါတယ်။
ကမ္ဘာလှည့်​ခရီး​သည်​တွေ မြန်မာပြည်ကို ပိုပြီး​လာ​ရောက်လည်ပတ်ဖို့​ အတွက် မနှစ် နှစ်လယ်ကလို ဆိုင်​ရောက်ဗီဇာထုတ်​ပေး​ဖို့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေက အလိုရှိ​နေကြပါတယ်။ဆိုက်​ရောက်ဗီဇာ ပြန်လည်ခွင့်​ပြုဖို့​၊​ ​လေဆိပ်အသုံး​ပြုခွင့်​ အခွန်အခ​တွေ ​လျှော့​ချဖို့​အပါအဝင် ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် တခြား​တင်း​ကျပ်ထား​တဲ့​ ကိစ္စရပ်​တွေ ​တော်​တော်များ​များ​ ​လျှော့​ချ​ပေး​ဖို့​ အစိုး​ရသစ်အဖွဲ့​မှာပါတဲ့​ ဟိုတယ်နှင့်​ခရီး​သွား​ဝန်ကြီး​ကို လုပ်ငန်း​ရှင်​တွေက ​တောင်း​ဆိုဖို့​စီစဉ်ထား​တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။  “ကျ​နော်က​တော့​ ​လော​လောဆယ် ဆိုက်​ရောက်ဗီဇာ​တွေ ပြန်ပြီး​တော့​ ဖွင့်​ပေး​ဖို့​၊​ ​နောက်ပြီး​ရင် ​လေ​ကြောင်လိုင်း​တွေကိုလည်း​ ပိုလာချင်​အောင် ဒီဘက်က သက်သာ​အောင် လုပ်​ပေး​ဖို့​၊​ ​နောက်တခါ ဟိုတယ်​တွေ၊​ အခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ပြန်ပြီး​တော့​ လာနိုင်​အောင်​ပေါ့​နော်။ အခုက တီစီတို့​ ဘာတို့​လည်း​ မရှိ​တော့​ဘူး​လေ။ ဝန်ကြီး​တွေက တိုက်ရိုက်တာဝန်ခံပြီး​တော့​ အစိုး​ရရဲ့​ အ​နေအထား​ဖြစ်သွား​တော့​ ပိုပြီး​တော့​ လမ်း​ပွင့်​သွား​မယ် ထင်ပါတယ်။” လာမယ့်​သောကြာ​နေ့​ ပြုလုပ်မယ့်​ ဟိုတယ်နှင့်​ခရီး​သွား​လာ​ရေး​ဝန်ကြီး​နဲ့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ကြတဲ့​ပွဲမှာ တင်ပြ​တောင်း​ဆိုမှာ ဖြစ်ပါတယ်။ ဆိုက်​ရောက်ဗီဇာ ထုတ်​ပေး​ခဲ့​တဲ့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​မေလ ၁ ရက်က​နေ ဩဂုတ် ၃၁ ရက်ထိ ကမ္ဘာလှည့်​ခရီး​သည်ဦး​ရေ ၈ ​သောင်း​လောက် ဝင်​ရောက် လည်ပတ်ခဲ့​ကြပါ တယ်။ ကမ္ဘာလှည့်​ခရီး​သည်​တွေ သိသိသာသာတိုး​တက်ခဲ့​တဲ့​အတွက် ခရီး​သွား​လုပ်ငန်း​ရှင်​တွေက အခုလို​တောင်း​ဆိုဖို့​ ပြင်ဆင်​နေတာ ဖြစ်ပါတယ်။ လက်ရှိအ​နေအထား​မှာ ခရီး​သည်ဝင်​ရောက်မှုအ​နေအထား​နဲ့​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ပျံသန်း​မှု အချိုး​အစား​ မညီတဲ့​အတွက် ခရီး​သွား​လုပ်ငန်း​တွေ အခက်​တွေ့​နေကြပါတယ်။ ခရီး​သွား​ရာသီမှာ ခရီး​သည်ဝင်​ရောက်မှု များ​ပြား​ပေမယ့်​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ခရီး​စဉ်​တွေ အလုံအ​လောက်မ​ပြေး​ဆွဲ​ပေး​နိုင်တဲ့​အတွက် အခက်​တွေ့​နေကြတာ ဖြစ်ပါတယ်။ ဒါ့​အပြင် ရန်ကုန်ကလွဲပြီး​ တခြား​မြို့​တွေမှာ နိုင်ငံတကာအဆင့်​မီ ဟိုတယ်ခန်း​တွေ အလုံအ​လောက်မရှိတဲ့​အတွက် ပြည်ပရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်လာ​အောင် ​ဆောင်ရွက်​ပေး​ဖို့​ လိုအပ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေက ​ပြောဆို​နေကြပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ပြည့်​နှစ်ထဲ အာဆီယံနိုင်ငံ​တွေအနက် လာအိုမှာ ၁ သန်း​ကျော်၊​ ဗီယက်နမ်မှာ ၄ သန်း​ ​ကျော်၊​ က​မ္ဘောဒီး​ယား​မှာ၂ သန်း​ကျော် ကမ္ဘာလှည့်​ခရီး​သည် ဝင်​ရောက်လည်ပတ်ခဲ့​ပြီး​ မြန်မာနိုင်ငံကို​တော့​ ၃ သိန်း​ကျော် လာ​ရောက် လည်ပတ်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up