၂၀၁၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဝေးလ် ထောင်စုနှစ်ကွင်းတွင် ကျင်းပမည်

1.3K
လာမယ့် ၂၀၁၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဝေးလ်က ထောင်စုနှစ် ဘောလုံးကွင်းမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က အတည်ပြု လိုက်ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၁၇ ခုနှစ် ဇွန်လ ၃ရက်နေ့မှာ ပြုလုပ်သွားမှာပါ။
ဝေးလ်က ကာဒစ်မြို့မှာရှိတဲ့ ထောင်စုနှစ် ဘောလုံးပွဲကွင်းဟာ ပရိသတ်ပေါင်း ၇ သောင်း ၄ ထောင့် ၅ ရာ ဆန့်ပါတယ်။
ဒီကွင်းကြီးမှာပဲ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဖလား ဗိုလ်လုပွဲတွေကို ၂၀၀၁ ကနေ ၂၀၀၆ အထိ လက်ခံ ကျင်းပခဲ့ပါတယ်။
ထောင်စုနှစ် ဘောလုံးကွင်းကို ဝေးလ် ရပ်ဘီသမဂ္ဂက ပိုင်ဆိုင်တာဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။