A d v e r t i s e m e n t With Us

မြန်မာဘက်မှ ထိန်းသိမ်းထားသည့် ထိုင်းဂက်စ်တင်ကား ၅ စီး ပြန်လွတ်

ပြီးခဲ့တဲ့ အပတ်က ကေအန်ယူနဲ့ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်တို့ ခေါ်ယူထိန်းသိမ်း ထားခဲ့တဲ့ ထိုင်းနိုင်ငံ ဆယမ်ဂက်စ်ကုမ္ပဏီပိုင် ဂက်စ်တင်ကား ၅ စီးဟာ ဇွန်လ ၃၀ ရက်နေ့က ပြန်လွတ်လာခဲ့ပါတယ်။ ထိုင်းဂက်စ် ကုမ္ပဏီလုပ်ငန်းရှင်ဟာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဘားအံမြို့မှာ သွားရောက်  တွေ့ဆုံညှိနှိုင်းအပြီး ခုလိုပြန်လွတ်လာတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ဇွန်လ ၂၅ ရက်နေ့က  ဆယမ်ဂက်စ်ကား ၅ စီးဟာ ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်ကနေ မြန်မာနိုင်ငံ မြ၀တီဘက်ကို တင်ပို့ရောင်းချဖို့  မြ၀တီချစ်ကြည်ရေးတံတားကို ကျော်ဖြတ်လာစဉ် သတ်မှတ်ထားတဲ့ တန်ချိန် ၂၅ တန်ထက် ပိုမိုတင်ဆောင်လာတာ တွေ့ရှိရတဲ့အတွက် ကေအန်ယူနဲ့ဘီဂျီအက်ဖ် ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားမောင်းသမားနဲ့ ကားပေါ်လိုက်ပါလာသူတွေကိုတော့ ပြန်လွှတ်ပေးပြီး ကားကိုပဲ သိမ်းထားတာ ဖြစ်ပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းဟာ ထိုင်းဘက်ခြမ်း တာ့ခရိုင်နယ်မြေ ၂ အုပ်ချုပ်ရေးပိုင်းက ဂက်စ်တန်ချိန် ၅၀ အထိ သယ်ယူပို့ဆောင်ခွင့်ပြုထားတာမို့ သူတို့အနေနဲ့ သယ်ဆောင်ခဲ့တာလို့  လုပ်ငန်းရှင်တဦးက သတင်းထောက်ကို ပြောသွားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up