A d v e r t i s e m e n t With Us

အမေရိကန်-ကျူးဘား သံတမန်ဆက်ဆံရေး ပြန်လည်စတင်

ဓာတ်ပုံ - ရိုက်တာ
နှစ်ပေါင်း ၅၀ ကျော် သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ကြပြီး ရန်ဘက်နိုင်ငံတွေလို ဆက်ဆံခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်မယ်ဆိုတာကို ဇူလိုင် ၁ ရက်နေ့ တရားဝင်ကြေညာမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ ၀ါရှင်တန်နဲ့ ဟားဗားနားမြို့တွေမှာ သံရုံးတွေ ပြန်လည်ဖွင့်လှစ်မယ့် သဘောတူညီချက်ရရှိပြီ ဆိုတာကို အမေရိကန်သမ္မတ အိုဘားမားက ဇူလိုင် ၁ ရက်နေ့မှာ ကြေညာမယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။ “အမေရိကန်နဲ့ ကျူးဘားနိုင်ငံတို့ဟာ တရားဝ င်သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူညီချက်ရပြီး နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးတွေ ဖွင့်လှစ်ဖို့ သဘောတူညီချက်ရပြီ ဆိုတာကို ကျနော်တို့ မနက်ဖြန်ကျရင် တရားဝင်ကြေညာပါ့မယ်။” လို့ အမေရိကန် အဆင့်မြင့်တာဝန်ရှိသူတဦးက စီအန်အ န်သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဆက်ဆံရေး ပြန်လည်ထူထောင်မယ်လို့ ကြေညာပြီး ၆ လအကြာမှာ သံရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ ဖြစ်လာတာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အပြည့်အ၀ ပြန်လည်စတင်တော့မယ်ဆိုတာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီနောက် ဒီနှစ် မေလနှောင်းပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုက ၁၉၈၂ ခုနှစ်ကတည်းက ကျူးဘားနိုင်ငံအပေါ် သတ်မှတ်ထားတဲ့ list of state sponsors of terrorism (နိုင်ငံတကာ အကြမ်းဖက်ဝါဒရဲ့ လုပ်ရပ်တွေအပေါ် အကြိမ်ကြိမ်ထောက်ပံသည့် နိုင်ငံများစာရင်း) ကနေ ပယ်ဖျက်ခဲ့ပါတယ်။ ကျူးဘားနိုင်ငံမှာ ၁၉၅၉ ခုနှစ်က ကွန်မြူနစ်ခေါင်းဆောင် ဖီဒယ်ကက်စထရို အာဏာရရှိခဲ့ချိန်ကစပြီး အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကျင့်သုံးခဲ့ပါတယ်။ နှစ်နိုင်ငံအကြား နိုင်ငံရေးမုန်းတီးမှုတွေနဲ့ စစ်အေးခေတ်ကာလတလျှောက်လုံး ဖြတ်သန်းခဲ့ကြရာက ၂၀၀၈ ဖေဖော်ဝါရီမှာ ကျန်းမာရေးအရ ဖီဒယ်ကက်စထရို အနားယူပြီး သူ့ညီ ရော်လ်ကက်စထရို သမ္မတဖြစ်လာချိန်ကစလို့ ခရီးသွားလာခွင့် ပိတ်ပင်မှုကို အမေရိကန်နိုင်ငံက အကန့်အသတ်နဲ့ ဖြေလျော့ခဲ့ပါတယ်။ တလျှောက်လုံး နျူကလီးယား ခြိမ်းခြောက်မှုတွေနဲ့အတူ အေးစက်လာခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ ၂၀၁၅ ခုနှစ်မှာ ပုံမှန်ဆက်ဆံရေးလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up