ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပနေတဲ့ ဂျပန် - မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဂျပန်ကလပ် ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို အနိုင်ရရှိခဲ့ပါတယ်။
မြန်မာ ယူ ၁၅ အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ထိုင်း၊ လာအို၊ ဆန်ဖရီချီ ဟီရိုရှီးမား အသင်းတွေနဲ့ ကျရောက်နေပါတယ်။
မြန်မာအသင်းဟာ ဇူလိုင် ၂ ရက် မနက်ပိုင်းမှာ လာအို၊ ညနေပိုင်းမှာ ထိုင်းအသင်းနဲ့ အုပ်စုပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။
ဇူလိုင် ၃ ရက်မှာတော့ အုပ်စု ပထမရတဲ့ ၂ သင်းက ဗိုလ်လုပွဲကစားရမှာ ဖြစ်ပြီး အုပ်စု ဒုတိယရတဲ့ ၂ သင်းက တတိယ၊ တတိယ ၂ သင်းက ပဉ္စမ၊ စတုတ္ထ ၂ သင်းက သတ္တမ နေရာ အတွက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။