A d v e r t i s e m e n t With Us

အာဂျင်တီးနားက ပါရာဂွေးကို ဂိုးပြတ်နိုင်ပြီး ကိုပါဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ဇွန် ၃၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားက ပါရာဂွေးကို ၆ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားက ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်တွေမှာ အပြန်အလှန် ရရှိခဲ့ပါတယ်။ နှစ်သင်းစလုံးက ဒီပွဲမှာ တိုက်စစ် ဦးစားပေး ၄-၃-၃ ကစားကွက်နဲ့ ယှဉ်ပြိုင်သွားပါတယ်။ အာဂျင်တီးနားက တိုက်စစ်မှာ မက်ဆီ၊ အဂွီရိုနဲ့ ဒီမာရီယာတို့ကို တင်ပြီး ကစားသွားပါတယ်။ အာဂျင်တီးနားအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ နောက်တန်းသမား ရိုဂျို၊နဲ့ ကွင်းလယ်သမား ပါစတိုရီတို့က ၂ ဂိုးသွင်းယူပြီး ပါရာဂွေးအတွက် ချေပဂိုးကို ကာဆီရက်စ်က သွင်းယူပါတယ်။ ဒုတိယပိုင်းမှာ အာဂျင်တီးနားအတွက် အနိုင်ဂိုးတွေကို ဒီမာရီယာက ၂ ဂိုး၊ တိုက်စစ်မှူးတွေဖြစ်တဲ့ အဂွီရိုနဲ့ ဟီဂူအင်တို့က ၁ ဂိုးစီ သွင်းယူပြီး ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ဒီပွဲမှာ နာမည်ကြီး တိုက်စစ်မှူး မက်ဆီ ကိုယ်တိုင် ဂိုးမသွင်းနိုင်ပေမယ့် အသင်းဖော်တွေ ဂိုးရအောင် ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါချန်ပီယံ ဆုဖလားကို ၁၉၉၃ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဇူလိုင် ၄ ရက်နေ့ ယှဉ်ပြိင်မယ့် ကိုပါဖလား ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားအသင်းဟာ အိမ်ရှင် ချီလီနဲ့ ရင်ဆိုင်ရမှာပါ။ တတိယနေရာလုပွဲမှာတော့ ပါရာဂွေးနဲ့ ပီရူးတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up