A d v e r t i s e m e n t With Us

ဥရောပ ယူ ၂၁ ဘောလုံးပြိုင်ပွဲ ဆွီဒင် ဗိုလ်စွဲ

ဓာတ်ပုံ - ယူအီးအက်ဖ်အေ
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)  အသက် ၂၁ နှစ်အောက် ဥရောပချန်ပီယံ ဗိုလ်လုပွဲမှာ ဆွီဒင်က ပေါ်တူဂီကို အနိုင်ရရှိ ဗိုလ်စွဲသွားပါတယ်။ ချက်နိုင်ငံ ပရပ်မြို့မှာ ဇွန် ၃၀ ရက်ည ကစားခဲ့တဲ့ ဥရောပ ယူ ၂၁ ပွဲမှာ ဆွီဒင်နဲ့ ပေါ်တူဂီတို့ အချိန်ပိုအထိ ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘဲ ပယ်နယ်တီ ကန်ရာမှာတော့ ဆွီဒင်က ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ဂျာမနီအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီး ဖိုင်နယ်ကို တက်လာတာ ဖြစ်သလို ဆွီဒင်ကတော့ ဒိန်းမတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဖိုင်နယ်တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up