၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကျောင်းသားလူငယ်များ ဆန္ဒပြ
DVB
·
June 30, 2015
ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ ညနေ ၃ နာရီခွဲကျော်က စတင်လိုက်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြမှုဟာ ရဲအတားအဆီးတွေကို ကျော်ဖြတ်ပြီး ညနေ ၄ နာရီကျော်မှာ မြို့တော်ခန်းမရှေ့ကို ရောက်ရှိပြီး ဆန္ဒပြ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ ကုန်းကျော်တံတားအနီးမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ပြည်သူ့ဆန္ဒနှင့်အညီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လွှတ်တော်ထဲက စစ်သား ၂၅ ရာခိုင်နှုန်း အလိုမရှိ စတဲ့ စာတမ်းပါ ပိုစတာများကို ချိတ်ဆွဲပြီး ဟောပြောဆန္ဒပြခဲ့ပါတယ်။