ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းတွင် မီးလောင်
နန်းမြနဒီ
·
June 30, 2015
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အမှတ် (၁) ရပ်ကွက်မှာ ဇွန်လ ၃၀ ရက် မနက်ခင်းက ဓာတ်ဆီဆိုင်တဆိုင် မီးလောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုဟာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့တယ်လို့ နမ့်ခမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမင်းသန့်က ပြောပါတယ်။
“စက်သုံးဆီပေပါကနေပြီးတော့ ပန့်နဲ့ ဆီစုပ်တာလေ။ ပန့်က လျှပ်စစ်နဲ့ သုံးရတာဆိုတော့ မီးထိုးလိုက်တဲ့အခါ ရှော့ခ်ဖြစ်ပြီး အဲဒီကနေ စလောင်တယ်။ မီးက ဒီကနေ့မနက် ၆ နာ၇ီ မိနစ် ၅၀ လောက်မှာ လောင်ပြီး မီးသတ်ကား ၁၅ စီးနဲ့ သွားငြှိမ်းတဲ့အတွက် မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ ဆီဆိုင်တခုပဲလောင်တာပါ။ အဆောက်အဦ ပြုတင်းပေါက်တွေ၊ ခေါင်မိုးတွေ၊ တံခါးတွေပေါ့။ ကျန်တာက ဆိုင်နောက်ဘက်မှာရှိတဲ့ အိမ်ပေါ့၊ မီးနည်းနည်းပဲ ကျွမ်းပါတယ်။”
မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ကျပ် ၈ သိန်းကျော်ဖိုးလောက် ဆုံးရှုံးမယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။
အိမ်ရှင် ဦးစိုင်းခမ်းခစ်၊ အသက် (၃၀) ကို ပုဒ်မ ၂၈၅ ပေါ့ဆမှုနဲ့ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ဓာတ်ပုံ - Zaai Hom Main