တော့တင်ဟမ်ဟော့စပါးမှ ပေါ်လင်ဟို တရုတ် ဂွမ်ဇူးကလပ်သို့ ပြောင်းရွှေ့

994
တော့တင်ဟမ် ဟော့စပါးစ် ကစားသမား ပေါ်လင်ဟိုဟာ တရုတ်ကလပ် ဂွမ်ဇူးအသင်းကို ပြောင်းရွှေ့သွားပါတယ်။
တရုတ်စူပါလိဂ် ချန်ပီယံ ဂွမ်ဇူးအသင်းက ဘရာဇီး ကွင်းလယ်ကစားသမား ပေါ်လင်ဟိုကို ပေါင် ၁၀ သန်းနီးပါးနဲ့ ခေါ်ယူလိုက်တာပါ။
အသက် ၂၆ နှစ်အရွယ် ပေါ်လင်ဟိုဟာ ၂၀၁၃ မှာ ဘရာဇီးကလပ် ကိုရင်သီယန်ကနေ စပါးစ်အသင်းကို ပေါင် ၁၇ သန်းနဲ့ ရောက်ရှိခဲ့တာပါ။
ပေါ်လင်ဟိုဟာ စပါးအတွက် ၄၅ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းပေးထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာတော့ စပါးစ်အတွက် ၂၇ ပွဲ ကစားခွင့် ရထားပါတယ်။
တရုတ် စူပါလိဂ်ချန်ပီယံ ဂွမ်ဇူးအသင်းကို ဘရာဇီးနည်းပြဟောင်း စကိုလာရီက ကိုင်တွယ်နေပါတယ်။
ပေါ်လင်ဟိုဟာ ဘရာဇီးအသင်းအတွက်တော့ ၃၂ ပွဲ ကစားပေးထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။