A d v e r t i s e m e n t With Us

မားစ်ရောဂါကြောင့် တောင်ကိုရီးယားတွင် လူတဦး ထပ်မံသေဆုံး

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံတွင်း အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ်ကြောင့် လူတယောက် ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ စုစုပေါင်း ၃၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်မှာ အစီရင်ခံပါတယ်။ တောင်ကိုရီးယား ရောဂါကာကွယ်ရေးဌာနညွှန်မှူး ဂျောင်အွန်းကယောင်းက “နိုင်ငံတွင်း လက်ရှိ ကုသခံနေဆဲ လူနာစုစုပေါင်း ၅၄ ယောက်ရှိတယ်။ ၉၅ ယောက် ဆေးရုံက ဆင်းသွားပြီး ၃၃ ယောက် သေဆုံးခဲ့ပြီ။” လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ “မားစ်ရောဂါ ကူးစက်ခံ စုစုပေါင်း ၁၈၂ ယောက် အတည်ပြုထားတယ်။ မနေ့ကထိ အတည်ပြုထားတဲ့ ကူးစက်မှုအသစ် မရှိသေးဘူး။ ၃၃ ယောက်မြောက် သေဆုံးသူဟာ နဂိုကတည်းက နှလုံးနဲ့ သွေးတိုးရောဂါတွေရှိတဲ့ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်။ သေဆုံးသူအများစုဟာ နဂို ရောဂါရှင်တွေနဲ့ သက်ကြီးလူနာတွေ ဖြစ်တယ်။” လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ဆော်ဒီအာရေဗျနိုင်ငံ ပြင်ပမှာ ကူးစက်မှု အမြင့်ဆုံးနိုင်ငံလို့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက စာရင်းအင်းတွေက ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ လူကို စကူးတာကို တွေ့ခဲ့တဲ့ မားစ်ရောဂါဟာ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်က တဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဆေးနဲ့ ကုသဆေးပါ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up