မန်ယူအသင်း ဖေးလ်ဂျုန်းကို စာချုပ်သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
758
မန်ချက်စတာယူနိုက်တက် အသင်းက နောက်တန်းကစားသမား ဖေးလ် ဂျုန်းကို စာချုပ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။
ဖေးလ်ဂျုန်းရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ တနှစ်ပဲ ကျန်ရှိနေတာဖြစ်ပြီး စာချုပ်သက်တမ်း တိုးလိုက်တဲ့အတွက် မန်ယူမှာ ၂၀၁၉ ဇွန်လအထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
ဖေးလ်က အချိန်တိုင်း တိုးတက်နေတဲ့ လူငယ် နောက်တန်းကစားသမားတယောက် ဖြစ်တယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုထားပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂျုန်းကို မန်ယူက ဘလက်ဘန်းအသင်းကနေ ပေါင် ၁၇ သန်းပေးပြီး ၂၀၁၁ မှာ ခေါ်ယူထားတာပါ။
ဂျုန်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအတွက် ၂၂ ပွဲ ကစားပေးထားပြီး မန်ယူမှာ ကစားတဲ့ ၄ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၁၂၈ ပွဲ ကစားပေးထားပါတယ်။
သူဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက်တော့ ၁၇ ပွဲ ကစားပေးထားပါတယ်။