Live
Home
မြန်မာသတင်း
တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် အစားထိုးခန့်အပ်
DVB
·
June 30, 2015
တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်လွင်ဦးရဲ့ ရာထူးနေရာကို ဗိုလ်မှူးချုပ် မောင်မောင်ကျော်နဲ့ အစားထိုး ခန့်အပ်လိုက်ကြောင်း သမ္မတရုံး အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အပြောင်းအလဲကို ဘယ်အချိန်မှာ လုပ်တယ်ဆိုတာ အတိကျမသိရပေမယ့် ပြီးခဲ့တဲ့ ၃ လက ကိုးကန့်တိုက်ပွဲအတွင်း တပ်မတော်လေယာဉ်က ဗုံးကြဲမှုဖြစ်စဉ်မှာ တရုတ်နိုင်ငံထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး တရုတ်လူမျိုး ၅ ဦး သေဆုံးခဲ့ရတဲ့ကိစ္စမှာ တရုတ်အစိုးရရဲ့ ဒေါသထွက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အရေးယူ ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။ မြန်မာအစိုးရက အစောပိုင်းမှာ တရုတ်နိုင်ငံဘက်ခြမ်းကို ဗုံးကြဲခဲ့တာနဲ့ ပတ်သက်လို့ ငြင်းဆိုမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တရုတ်ဘက်ကို တောင်းပန်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ- MOD မြန်မာဂျက်လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် စွမ်းရည်ပြစဉ် (၂၀၁၅ ဖေဖော်ဝါရီ ၂၅ ရက်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024