ဘင်္ဂလားဒေ့ရှ်လေတပ်မှ ပျောက်ဆုံးလေယာဉ် အပျက်အစီးများကို ပြန်ဆယ်တင်

ဓာတ်ပုံ - Dhaka Tribune
1.1K
ကယ်ဆယ်ရေးသမားတွေဟာ ဘင်္ဂလားဒေ့ရှ်လေတပ်က ပျောက်ဆုံးနေတဲ့ လေယာဉ်တစီးရဲ့ အပျက်အစီးတွေကို ဇွန် ၂၉ ရက်နေ့က ဘင်္ဂလားပင်လယ်အော်ထဲကနေ ပြန်ဆယ်တင်ခဲ့ကြပါတယ်။
လေယာဉ်ဟာ စစ်တကောင်းဆိပ်ကမ်းမြို့ကနေ ပျံတက်အပြီး ၁၀ မိနစ်အကြာမှာ လေတပ်အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ပြတ်ခဲ့တာလို့ လေတပ်သတင်းရင်းမြစ်က ပြောပါတယ်။
ပျောက်ဆုံးလေယာဉ်မှူးကို ခြေရာခံဖို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေဆဲပါ။
ကမ်းရိုးတန်းစောင့်တပ်၊ ရေတပ်၊ မီးသတ်တပ်ဖွဲ့နဲ့ စစ်တကောင်းဆိပ်ကမ်း အာဏာပိုင်အဖွဲ့တို့က ပင်လယ်အော်ထဲမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးတွဲပြီး ဆက်လက် လုပ်ကိုင်နေဆဲပါ။