A d v e r t i s e m e n t With Us

ရီးရဲလ်နောက်ခံလူ ရာမို့စ်ကို ယူရို ၂၈ သန်းဖြင့် မန်ယူကမ်းလှမ်း

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဆာဂျီယိုရာမို့စ်ကို ယူရို ၂၈ သန်းနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေပြီး အသင်းက ထွက်ခွာချင်နေပါတယ်။ မန်ယူနည်းပြ ဗန်ဟားကလည်း အသင်းနောက်တန်းအတွက် ဦးဆောင်နိုင်မယ့် သူတယောက်ကို ရှာဖွေနေပြီး ဒီနေရာဟာ ရာမို့စ်နဲ့လည်း ကိုက်ညီနေပါတယ်။ နောက်ခံလူ ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်မှာ ဆီဗီးလားအသင်းကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ စပိန်အသင်းအတွက် အမာခံနောက်ခံလူတဦးဖြစ်ပြီး ၁၂၈ ပွဲ ကစားပေးထားပါတယ်။ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၀၈၊ ၂၀၁၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတွေ ဆွတ်ခူးထားပါတယ်။ မန်ယူအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရှနိုက်ဒါလင်နဲ့လည်း ချိတ်ဆက်နေပြီး ဒီတပတ်အတွင်း အပြောင်းအရွှေ့ ပြီးပြတ်လိမ့်မယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မန်ယူအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်မှာ ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီး လက်ရှိမှာတော့ နယ်သာလန်ကြယ်ပွင့် ဒီပေးတယောက်သာ တရားဝင် ခေါ်ယူနိုင်ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up