A d v e r t i s e m e n t With Us

အီရန် နျူကလီးယားအရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်ရန် ကြန့်ကြာနိုင်

ဓာတ်ပုံ - ရိုက်တာ
အီရန် နျူကလီးယားအရေး သဘောတူညီချက်ကို ဇွန်လအကုန်မှာ လက်မှတ်ထိုးဖို့ နောက်ဆုံးရက် သတ်မှတ်ထားပေမယ့် သဘောထားကွာဟချက်တွေ ကြီးကြီးမားမား ဆက်ရှိနေတာကြောင့် ရက်တချို့ ပိုကြာနိုင်တယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာအီဟာ သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာကနေ အီရန်နိုင်ငံ မြို့တော် တီဟီရန်ကို ပြန်သွားပြီး အီရန်အကြီးအကဲတွေနဲ့ တွေ့ဆုံကာ နောက်ဆုံး တိုးတက်မှု အခြေအနေကို အစီရင်ခံဖို့ ရှိနေပါတယ်။ ဇွန် ၂၈ ရက်နေ့က အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဖက်ဒရီကာ မိုဂရီနီက နောက်ဆုံး သတ်မှတ်ရက်ရဲ့ နောက်ဆုံးမိနစ်မှာ သဘောတူညီချက်ရဖို့ ဖြစ်နိုင်သေးတယ်လို့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဆွေးနွေးဘက်နိုင်ငံတွေကြားမှာ နိုင်ငံရေးဆန္ဒ ပြင်းပြမယ်ဆိုရင် နောက်ဆုံးအချိန်မှာ သဘောတူညီနိုင်တယ်လို့ ဆွေးနွေးပွဲတက်နေတဲ့ အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲက ရေးသားထားပါတယ်။ ဒါပေမယ့် အီရန်အပေါ် အနောက်အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမယ့် အချိဘက် သဘောထားတွေ ကွာဟနေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up