စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေး မြန်မာသံရုံးနှိုးဆော်

စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင် မဲပေးနိုင်ရေးအတွက် စာရင်းပေးသွင်းကြဖို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နှိုးဆော်ထားပါတယ်။ ဇွန်လ ၂၄ ရက် ရက်စွဲနဲ့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်ချက်မှာ ပြည်ပကို အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရောက်ရှိနေသူများ ကြိုတင်မဲဆန္ဒပေးနိုင်ရေးနဲ့ပတ်သက်ပြီး တရားဝင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေဟာ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာကို သံရုံးကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားများ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲဆန္ဒ ပေးနိုင်ရေး အသေးစိတ် အချက်အလက်တွေ၊ ဖြည့်စွက်ရမယ့် ပုံစံ ၁၅ ကိစ္စရပ်တွေကို ထပ်မံကြေညာသွားမယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up