A d v e r t i s e m e n t With Us

အကြီးစား ကမ်းတက် စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယား ပြုလုပ် (ရုပ်သံ)

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံမှာ အကြီးစား ကမ်းတက် စစ်ဆင်ရေး လေ့ကျင့်ခန်းတခုကို ဇွန် ၂၉ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ရေတပ်နဲ့ မရိမ်းတပ်ဖွဲ့အင်အား ၃၇၀၀ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်ခန်းကို မြို့တော် ဆိုးလ်ရဲ့ အနောက်တောင်ပိုင်း ၈၇ မိုင်အကွာရှိ ကမ်းခြေမြို့ဖြစ်တဲ့ တဲအန်မြို့မှာ ပြုလုပ်တာပါ။ ရေတပ်နဲ့ မရိမ်းတို့ရဲ့ ပူးတွဲလေ့ကျင့်မှုဟာ ဇူလိုင် ၅ ရက်နေ့အထိ ကြာမြင့်မယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။ [caption id="attachment_100095" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] အနောက်ဘက်ကမ်းရိုးတန်း ဒေသမှာ မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်လာရင် အသင့်ဖြစ်အောင် လေ့ကျင့်တဲ့ အစီအစဉ် ဖြစ်တယ်လို့ ရေတပ်တိုင်းအမှတ် ၁ ရဲ့ တပ်မှူး ယွန် စီယောင်းက ရှင်းပြပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀ ကနေ ၅၃ အထိ စစ်ဖြစ်ခဲ့ပြီး အပစ်ရပ်ခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတာ မရှိပါဘူး။ ကိုရီးယားကျွန်းဆွယ်ဒေသမှာ နှစ်ဘက် စစ်အင်အား ၁၈ သိန်း ရှိတာကြောင့် ကမ္ဘာမှာ စစ်ရိပ်စစ်ငွေ့ အလွှမ်းဆုံး ဒေသတွေထဲက တခုဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up