A d v e r t i s e m e n t With Us

အကျဉ်းထောင်ဥပဒေကြမ်းအသစ်သည် ဗြိတိသျှခေတ် ကျင့်သုံးသည့် ဥပဒေထက် ဆိုးဝါး

အင်းစိန်အကျဉ်းထောင် မြင်ကွင်း
အသစ်ထွက်လာတဲ့ အကျဉ်းထောင်ဥပဒေကြမ်းထဲမှာပါတဲ့ တချို့အချက်တွေက ဗြိတိသျှခေတ်က ကျင့်သုံးခဲ့တဲ့ အကျဉ်းထောင်ဥပဒေထက် ပိုမိုဆိုးဝါးတဲ့ အချက်တွေ ပါဝင်နေတယ်လို့ ဒေါက်တာနေ၀င်းက  အသစ်ပြဋ္ဌာန်းလိုက်တဲ့ အကျဉ်းထောင်ဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အကျဉ်းထောင်ဥပဒေနဲ့ ပတ်သက်ပြီး ဇွန် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အောကစ်ဟိုတယ်(Orchid Hotel)မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာပါ။ ဆွေးနွေးပွဲမှာ ဒေါက်တာရန်မျိုးသိမ်း၊ ဒေါက်တာညိုညိုသင်း၊ စီးပွားရေးနဲ့ ဥပဒေအကြံပေး ဦးတင်သန်းဦး၊ အန်အယ်လ်ဒီ ဗဟိုအထောက်အကူက ဥပဒေကျွမ်းကျင်သူ ဦးဌေးဦး တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up