သမ္မတဦးသိန်းစိန် မွန်ဂိုလီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိ
DVB
·
June 29, 2015
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မွန်ဂိုလီးယားသမ္မတရဲ့ ဖိတ်ကြားချက်အရ မွန်ဂိုလီးယားနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ဇွန်လ ၂၈ ရက်နေ့မှာ ထွက်ခွာသွားခဲ့ပါတယ်။
သမ္မတနဲ့ အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ စစ်တပ်က အရာရှိကြီးတွေ လိုက်ပါသွားခဲ့ပါတယ်။ မွန်ဂိုလီးယားသတင်းတွေမှာတော့ ဇွန်လ ၂၈ ရက်ကနေ ၃၀ ရက်အထိ သွားရောက်မယ့် မြန်မာသမ္မတရဲ့ ခရီးစဉ်မှာ မွန်ဂိုလီးယား သမ္မတ၊ ၀န်ကြီးချုပ်နဲ့ ပါလီမန်လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တုနဲ့ ယဉ်ကျေးမှုကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမယ်လို့ ဖော်ပြပါတယ်။
မွန်ဂိုလီးယားအနေနဲ့ မြန်မာရဲ့ ဒီမိုကရေစီ အတွေ့အကြုံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖလှယ်သွားဖို့ရှိပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တွေလည်း ချုပ်ဆိုဖို့ရှိတယ်လို့ ဆိုပါတယ်။