A d v e r t i s e m e n t With Us

နေပြည်တော် အငြိမ်းစား တပ်မတော်သားများ နေထိုင်ရာ ရပ်ကွက်တွင်းလမ်းများ (သတင်းဓာတ်ပုံ)

နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်က အငြိမ်းစားတပ်မတော်သားတွေ နေထိုင်တဲ့ တပင်ရွှေထီး ၁၊ ၂၊ န၀ဒေး၊ ဆင်ဖြူရှင် ရပ်ကွက်တွေက လမ်းတွေဟာ မြေသားလမ်းတွေဖြစ်ပြီး မိုးတွင်းမှာ လမ်းလျှောက်မရအောင်ထိ ဖြစ်နေတယ်လို့ နေထိုင်သူတွေက ပြောပါတယ်။ ၂၀၁၀ ခုနှစ်က စတင် အကောင်အထည် ဖော်ခဲ့ပေမယ့် ခုချိန်ထိ ကစားကွင်း၊ ဓမ္မာရုံတွေကတော့ စီမံကိန်း မြေပုံပေါ်မှာပဲ ရှိသေးတယ်လို့ အငြိမ်းစား တပ်မတော်သားတယောက်က ဒီဗွီဘီကို ပြောပါတယ်။ “တခြားနေရာတွေမှာတော့ ကွန်ကရစ်လမ်းပေါ် ကတ္တရာထပ်ခင်းတယ်။ ဒီမှာကတော့ အမှိုက်ကားတောင် မ၀င်နိုင်လို့ အိမ်တွေမှာ အမှိုက်တွေ ပုံနေတာပဲ။” လို့ သူက ပြောပါတယ်။ ဒီရပ်ကွက် သုံးခုမှာ အိမ်ခြေ ၁၃၀၀၀ ကျော် ရှိပါတယ်။  

A d v e r t i s e m e n t With Us

More News
Up