A d v e r t i s e m e n t With Us

ဂျပန်-မဲခေါင် ယူ ၁၅ ဘောလုံးပွဲ မြန်မာ ယူ ၁၅ ၀င်ပြိုင်မည်

ဓာတ်ပုံ - MFF
ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပမယ့် ဂျပန်-မဲခေါင် ယူ ၁၅ ဘောလုံးပြိုင်ပွဲကို မြန်မာဘောလုံးအကယ်ဒမီ ယူ ၁၅ အသင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာဖြစ်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံတွေနဲ့ အာရှတိုက်နိုင်ငံတွေ အတွင်းမှာရှိတဲ့ ကလေးငယ်တွေရဲ့ ဘောလုံးအဆင့်အတန်း တိုးတက်ရေးနဲ့ ဂျပန်နဲ့ မဲခေါင်ဒေသနိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးမှု ရှိရေးအတွက် ကျင်းပတာ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ ပြိုင်ပွဲကို ဇွန်လ ၂၉  ရက်ကနေ ဇူလိုင် ၅ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး မဲခေါင်ဒေသ နိုင်ငံတွေဖြစ်တဲ့ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ယူ ၁၅ အသင်းတွေအပြင်၊ ဂျပန် ယူ ၁၅၊ ဂျေလိဂ် ပထမတန်းကလပ်တွေဖြစ်တဲ့ ဗစ်ဆဲကိုဘေး ယူ ၁၅ နဲ့ ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းတွေ ၀င်ရောက် ယှဉ်ပြိုင်ကြမှာပါ။ မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ထိုင်း၊ လာအို၊ ဆန်ဖရီချီ ဟီရိုရှီးမားအသင်းတို့နဲ့ အတူကျရောက်လျှက်ရှိပြီး ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် ၁၁ နာရီမှာ ဆန်ဖရီချီ ဟီရိုရှီးမား၊ ဇူလိုင် ၂ ရက်နေ့ နံနက် ၉း၃၀ မှာ လာအို၊ ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ထိုင်းအသင်းတို့နဲ့ အုပ်စုပွဲစဉ်များအဖြစ် အသီးသီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပွဲစဉ် ရေးဆွဲမှုအရ ဇူလိုင် ၃ ရက်နေ့မှာ အုပ်စု ပထမရတဲ့ နှစ်သင်းက ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အုပ်စုဒုတိယရတဲ့ နှစ်သင်းက တတိယလုပွဲ၊ အုပ်စု တတိယ ရတဲ့ နှစ်သင်းက ပဉ္စမနေရာလုပွဲ၊ အုပ်စု စတုတ္ထရတဲ့ နှစ်သင်းက သတ္တမနေရာလုပွဲများ အသီးသီး ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up