နယူးယောက်အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ပြန်ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
1.1K
နယူးယောက် အကျဉ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးသွားခဲ့တဲ့ ဒေးဗစ်ဆွပ်ကို ကနေဒါနယ်စပ်မှာ ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးနိုင်တယ်လို့ ဇွန် ၂၈ ရက်နေ့က သတင်းတွေမှာ ဖော်ပြပါတယ်။
သူနဲ့အတူ ထောက်ဖောက်ပြေးဘက် ရစ်ချတ်မတ်ကို အသေဖမ်းဆီးပြီး ၂ ရက်အကြာမှာ လွတ်နေတဲ့ ဒေးဗစ်ဆွပ်ကို ဖမ်းဆီးနိုင်တာ ဖြစ်ပါတယ်။
ဒေးဗစ်ဆွပ်ဟာ အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး နယူးယောက်ပြည်နယ်ထဲမှာရှိတဲ့ ကလင်တန် အကျဥ်းထောင်ကနေ လွန်ခဲ့တဲ့ သုံးပတ်က ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
ရစ်ချတ်မတ်ကို အသေဖမ်းဆီးပြီးကတည်းက နယ်စပ်လုံခြုံရေး အရာရှိတွေဟာ ကနေဒါ နယ်စပ်ကိုပိတ်ပြီး ဒေးဗစ်ဆွပ်ကို ပိုက်စိတ်တိုက် ရှာဖွေနေခဲ့တာပါ။
ရှာဖွေရေးမှာ ပြည်ထောင်စုနဲ့ ပြည်နယ်ရဲအဖွဲ့က အင်အား ၁၂၀၀ ပါဝင်ပြီး ၂၂ စတုရန်းမိုင် ရှိတဲ့ နယ်မြေတ၀ိုက်မှာ ခြေရာခံရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ထောင်ပြေးနှစ်ယောက်လုံးကို ဖမ်းမိတဲ့ နေရာဟာ ကနေဒါနယ်စပ်ကနေ တောင်ဘက် ကပ်လျက်နယ်မြေဖြစ်တဲ့ နယူးယောက် ပြည်နယ်ထဲက မယ်လုံးမြို့အနီးတ၀ိုက် ဖြစ်ပါတယ်။