မြန်မာအမျိုးသမီး ယူ ၁၄ မလေးရှားကို ဂိုးပြတ်နိုင်ပြီး တတိယဆုရ

ဓာတ်ပုံ - MFF
1.4K
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ဇွန် ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာရှဒေသတွင်း အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ (အာဆီယံဇုန်) တတိယနေရာလုပွဲမှာ မြန်မာအမျိးသမီးအသင်းက မလေးရှားကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို မြတ်နိုးခင်နဲ့ မေဖူးကိုတို့က ၂ ဂိုးစီနဲ့ စန်းသော်တာ၊ ၀င်းစန္ဒာထွန်းတို့က အသီးသီး သွင်းယူပေးပါတယ်။
မြန်မာယူ ၁၄ အသင်းဟာ တတိယဆုအပြင် ပြိုင်ပွဲရဲ့ အသန့်ရှင်းဆုံး အသင်းဆုကိုလည်း ရရှိသွားပါတယ်။
ဗိုလ်လုပွဲမှာတော့ ဗီယက်နမ် ယူ ၁၄ အမျိုးသမီးအသင်းက ထိုင်းယူ ၁၄ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ ၂၀၁၅ (အာဆီယံဇုန်) ကို ဇွန် ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။