Search Results For: ရှက်ဖီးယူနိုက်တက်
၁၂ ပွဲဆက် အနိုင်ရရေး စွမ်းဆောင်ခဲ့သည့် ကစားသမားများကို နည်းပြဂွါဒီယိုလာ ချီးကျူး
ပြိုင်ပွဲစုံမှာ ၁၂ ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ မနေ့က ကစားသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ၁၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာပါ။
ပရီးမီးယားလိဂ်မှာတော့ ၈ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တယ်။ 
ရှက်ဖီးယူနိုက်တက်အသင်းက ကစားသမားတွေအားလုံး ခံစစ်မှာ စုပြုံပိတ်ကစားတဲ့ အသင်းဖြစ်လို့ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
ကစားသမားတွေအနေနဲ့ ၁၂ ပွဲဆက်တိုက် အနိုင်ရခဲ့တာတောင် တိရစ္ဆာန်တွေလို လှုပ်ရှားရုန်းကန်ပြီး ကစားခဲ့တယ်လို့ ကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။ 
၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်း အမှတ်အများဆုံး ရယူနိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၄၀၁ မှတ် ရှိသွားခဲ့ပါတယ်။ မန်စီးတီး နောက်မှာ လီဗာပူးက ၃၈၄ မှတ်နဲ့ ဒုတိယလိုက်နေပါတယ်။
3 months Ago
လင်ဂတ်ကို  ခေါ်ယူလိုသည့်အသင်းများတွင် စပါးအသင်းပါဝင်လာ
မန်ယူကွင်းလယ်တိုက်စစ်ကစားသမား ဂျက်စီလင်ဂတ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ စပါး အသင်းလည်း ပါဝင်လာပါတယ်။  ဒီနှစ်ရာသီမှာ စုစုပေါင်း ၃ ပွဲသာ ကစားခွင့်ရသေးတဲ့ လင်ဂတ်ဟာ အခုအပြောင်းအရွှေ့မှာ အငှားစာချုပ်တစ်ခုနဲ့ ပြောင်းရွှေ့ကစားဖို့ ရှိနေတာပါ။  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ ဝက်စ်ဟမ်းအသင်းတွေက ခေါ်ယူ လိုသလို နည်းပြမော်ရင်ဟိုရဲ့ စပါးအသင်းကလည်း လင်ဂတ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်လာတာပါ။  လင်ဂတ်ဟာ နည်းပြမော်ရင်ဟို လက်ထက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတွေ ရယူနိုင်ခဲ့သလို တစ်ရာသီအတွင်း ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။ လင်ဂတ်ကို စာချုပ်ပါအတိုင်း ယူနိုက်တက်ကတစ်နှစ်သက်တမ်းတိုးထားပြီး ပြောင်းရွှေ့ ကြေးပမာဏပေးချေမှ ထွက်ခွာခွင့်ပေးမှာ ဖြစ်ပါတယ်။  လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရင်လည်း အသင်းဟောင်းနည်းပြ ဒေးဗစ်မိုယက်စ်နဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။ 
3 months Ago
ပရီးမီးယားလိဂ်ကို ဖျက်သိမ်းဖြစ်ခဲ့လျှင် အံ့အားသင့်စရာမရှိဟု ရှက်ဖီးနည်းပြပြော
အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရင် အံ့အားသင့်စရာမရှိကြောင်း ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝဲလ်ဒါက ပြောပါတယ်။ ယူကေမှာ ကူးစက်မြန် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ပိုများလာတာကြောင့် ပရီးမီးယားလိဂ်ကို ဆက်လက်ကျင်းပနိုင်ဖို့ အခက်အခဲတွေ့နေရပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ပတ်ကို ၂ ကြိမ် ပိုးရှိ၊ မရှိ စစ်ဆေးနေရပြီး အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေအတွင်းကနေ ပိုးတွေ့ရှိသူ ၃၆ ဦးအထိ စံချိန်တင် ပိုးတွေ့ ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ ပရီးမီးယားလိဂ် အောက်ဆုံးက အသင်းနည်းပြတချို့ကတော့ ပြိုင်ပွဲကို ရပ်နားထားဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၉ ရောက်နေတဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြ ဆမ်အလာဒိုက် ဆိုရင် ပွဲစဉ်တွေကို ရပ်နားထားဖို့ အက်ဖ်အေကို အတိအလင်း တောင်းဆိုခဲ့ပါတယ်။  အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတဲ့ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝဲလ်ဒါက “ပြိုင်ပွဲကို ပြီးဆုံးအောင် မကျင်းပနိုင်ခဲ့ဘူးဆိုရင်လည်း ဘယ်သူကမှတော့ အံ့အားသင့်နေမယ်လို့ မထင်ပါဘူး။ အသင်းတိုင်းက လက်ရှိ ခက်ခဲတဲ့အခြေအနေကို သိကြတာကြောင့် ဒီနှစ် ပရီးမီးယားလိဂ်ကို ဖျက်သိမ်းခဲ့ရင်လည်း အံ့အားသင့်စရာမရှိပါဘူး” လို့ ပြောပါတယ်။  ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အရောက်မှာ မန်ယူနိုက်တက်က တစ်ပွဲလျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ဘန်လေနဲ့ပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
3 months Ago
မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းခွင့် ရရှိရန် ဂိုးသမားရိုမဲရိုး တောင်းဆို
မန်ယူအသင်းဂိုးသမား ရိုမဲရိုးဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခွင့်ရရှိဖို့ တောင်းဆိုထား တယ်လို့ သိရပါတယ်။  မန်ယူအသင်းဟာ မနှစ်က ရှက်ဖီးယူနိုက်တက်မှာ အငှားကစားခဲ့တဲ့ ဂိုးသမား ဒီးဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူခဲ့တာကြောင့် ဂိုးသမားရိုမဲရိုးအနေနဲ့ ပွဲထွက်ခွင့်မရရှိသေးတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာလည်း အသင်းပြောင်းဖို့ စီစဉ်ခဲ့ပေမယ့်  အဆင်မပြေဖြစ်ခဲ့တဲ့ ရိုမဲရိုးအနေနဲ့ တခြားအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေနိုင်ဖို့အတွက်  မန်ယူအသင်းနဲ့ စာချုပ်ဖျက်သိမ်းခွင့်ရဖို့ လိုအပ်နေတာပါ။  ၂၀၁၅ ခုနှစ်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားရိုမဲရိုးဟာ အသင်းနဲ့ ၅ ရာသီကြာ ကာလအတွင်းမှာ အသင်းအတွက် ၆၁ ပွဲသာ ကစားခဲ့ရပါတယ်။  အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးအနေနဲ့  အမေရိကန် မေဂျာလိဂ် ဒါမှမဟုတ် အာဂျင်တီးနား လိဂ်တွေမှာ ပြောင်းကေစားသွားဖို့ ရှိတယ်လို့ သိရပါတယ်။ 
6 months Ago
လူစားဝင်ပြီး အနိုင်ဂိုးသွင်းခဲ့သည့် ပေပေကို အာဆင်နယ်နည်းပြ ချီးကျူး
အရန်ခုံကနေ လူစားဝင်ကစားပြီး ဂိုးသွင်းယူပေးခဲ့တဲ့ နီကိုလပ်စ် ပေပေကို နည်းပြအာတီတာက ချီးကျူးလိုက်ပါတယ်။  အာဆင်နယ်အသင်းဟာ ရှက်ဖီးယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နီကိုလပ်စ်ပေပေက လူစားဝင်ကစားပြီး အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့တာပါ။  တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေရှိပြီး အရန်ခုံတန်းကနေ လူစားဝင်ကစားတဲ့ ကစားသမားတွေဆီကနေ အဲဒီလို ခြေစွမ်းပြမှုတွေလိုချင်တာဖြစ်တယ်လို့ နည်းပြအာတီတာက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် အိမ်ကွင်း ၁၁ ပွဲမှာ ၉ ပွဲအထိ အနိုင်ရခဲ့တာပါ။
7 months Ago
ဒီးဟန်ဒါဆန်ကို ပြန်ခေါ်ပါက  ဒီဂီယာ၏လက်စွမ်းပိုကောင်းလာမည်ဟု ဘာဘာတော့ဗ်သုံးသပ်
ရှက်ဖီးဂိုးသမား ဒီးဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူမယ်ဆိုရင် ဒီဂီယာရဲ့လက်စွမ်းပို ကောင်းလာ လိမ်မယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ်ပါတယ်။  မန်ယူဂိုးသမား ဒီဂီယာဟာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အမှားများခဲ့ပြီး တချို့ပွဲ စဉ်တွေမှာလည်း အမှားတချို့ရှိခဲ့တာဖြစ်ပါတယ်။  ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့  ကစားသမားတိုင်းမှာ ပြိုင်ဆိုင်မှု ရှိနေဖို့ လိုအပ်ပြီး ရှက်ဖီးမှာ အငှားချထားတဲ့ ဒီးဟန်ဒါဆန်ကို ပြန်ခေါ်မယ်ဆိုရင် ဒီဂီယာရဲ့ လက်စွမ်း ပိုကောင်းလာမယ်လို့ သုံးသပ်ခဲ့တာပါ။  ပွဲထွက်ခွင့်အတွက် သေချာတယ်ဆိုတဲ့ အတွေးရှိချိန်မှာ ကစားသမားတိုင်းက အမှားကျူး လွန်တတ်ပြီး ယုံကြည်မှုလွန်ကဲသွားတာကြောင့် အမှားပိုများလေ့ရှိတယ်လို့ ဘာဘာတော့ဗ်က စကိုင်းစပေါ့နဲ့အင်တာဗျူးမှာ ပြောပါတယ်။  အသက်၂၃နှစ်ရှိ ဒီးဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်မှာ ပေးဂိုးမရှိတဲ့ပွဲ ၁၃ ပွဲအထိ ရရှိ အောင် စွမ်းဆောင်ထားပြီး  အင်္ဂလန်နံပါတ်တစ်ဂိုးသမားဖြစ်လာလိမ့်မယ်လို့ ချီးကျူးခံနေရ ပါတယ်။ 
9 months Ago
စပါးက အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)
ဒီကနေ့ မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ မှာ စပါးအသင်းက အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။  ပြီးခဲ့တဲ့တပတ်က ရှက်ဖီးယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပြီးနောက် မော်ရင်ဟိုရဲ့ စပါးအသင်း နိုင်ပွဲပြန်ရခဲ့တာပါ။  အဲဗာတန်အသင်းကလည်း ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၂၄ မိနစ်မှာ နောက်ခံလူ မိုက်ကယ်ကိန်းက ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာကြောင့် အဲဒီတဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပထမပိုင်းအပြီးမှာ စပါးကစားသမား ဆွန်ဟောင်မင်နဲ့ ဂိုးသမား လိုရစ်တို့ အချင်းများခဲ့ကြပါသေးတယ်။  ဒုတိယပိုင်းမှာ ၂ သင်းစလုံး ဂိုးရနိုင်မယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြတာကြောင့် ပထမပိုင်းကအတိုင်း  ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ စပါးအသင်း အနိုင်ရခဲ့တာပါ။  ဒီပွဲအနိုင်ကြောင့် စပါးအသင်းက ရမှတ် ၄၈ မှတ်နဲ့ အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့  ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၁ မှာ ဆက်လက်ရပ်တည်နေပါတယ်။
10 months Ago
ချန်ပီယံလီဗာပူးကို မန်စီးတီး ၄ ဂိုးပြတ်နိုင်၊ စပါးက ရှက်ဖီးကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)
မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးက ချန်ပီယံ လီဗာပူးအသင်းကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီး စပါးအသင်းကတော့ ရှက်ဖီးယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ မန်စီးတီးအသင်းက ချန်ပီယံလီဗာပူးကို အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ ပထမပိုင်းကတည်းက မန်စီးတီးက ၃ ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့ပြီး ဒီဘရိုင်း၊ စတာလင်နဲ့ ဖီးလ်ဖိုဒမ် တို့က သွင်းယူပါတယ်။  ဒုတိယပိုင်းမှာ လီဗာပူးကစားသမား ချိန်ဘာလိန်က ကိုယ့်ဂိုးကိုသွင်းယူမိတာကြောင့် မန်စီးတီးတို့ စတုတ္ထ မြောက်ဂိုးရခဲ့တာဖြစ်ပါတယ်။  ပွဲပြီးခါနီးမှာ မာရက်ဇ်က ဂိုးသွင်းခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးတဲ့ အခါမှာ ဖီးလ်ဖိုဒမ် လက်ထိခဲ့လို့ ပယ်ဖျက်ခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ မန်စီးတီးအသင်း အနိုင်ရခဲ့တာပါ။ စပါးအသင်းကတော့ ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားတဲ့ ရှက်ဖီးယူနိုက်တက်နဲ့ အဝေးကွင်း ကစားခဲ့ရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။  ရှက်ဖီးအသင်းအတွက် ဂိုးတွေကို ဆန်ဒါဘာ့ချ်၊ မော့ဆက်နဲ့မက်ဘာနီတို့က သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှ ဟယ်ရီကိန်းက စပါးအသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့တာပါ။  ဒီရှုံးပွဲကြောင့် စပါးအသင်း အဆင့် ၉ နေရာ အထိရောက်သွားပြီး ရှက်ဖီးက အဆင့် ၇ နေရာ အထိ တက်လှမ်းခဲ့ပါတယ်။ 
10 months Ago
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဟု မန်ယူနည်းပြ သုံးသပ်
ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေဦးမယ်လို့ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  ပွဲစဉ် ၃၁ အပြီးမှာ လက်စတာနဲ့ ချဲလ်ဆီးအသင်းတွေက အဆင့် ၃ နဲ့ ၄ နေရာတွေမှာ ရပ်တည်နေပါတယ်။ အဆင့် ၅ နေရာက ဝုဗ်ဗာဟမ်တန်အသင်းက တစ်ပွဲပိုကစားပြီး ရမှတ် ၅၂ မှတ်ရရှိထားကာ ချဲလ်ဆီးနဲ့ ၂ မှတ်၊ လက်စတာနဲ့  ၃ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။  အဆင့် ၆ နေရာက မန်ယူအသင်းက ၄၉ မှတ်ရရှိထားပြီး အဆင့် ၃ နေရာက လက်စတာနဲ့ ၆ မှတ်၊ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၅ မှတ် အသီးသီးကွာဟနေတာ ဖြစ်ပါတယ်။  မန်ယူအသင်းရဲ့ အောက်မှာ စပါး၊ ရှက်ဖီးယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေကလည်း ဆက်လက်ဖိအားပေးနေဆဲ ဖြစ်ပါတယ်။  လက်ရှိ အမှတ်ကွာဟချက်အခြေအနေအရ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့် ၃ နဲ့ ၄ နေရာတွေအတွက် ရှက်ဖီး၊ အာဆင်နယ်အသင်းတွေကပါ စိန်ခေါ်လာနိုင်လို့ ပြိုင်ပွဲဆိုင်မှု ပြင်းထန်လာလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။  မန်ယူအသင်းဟာ ဇူလိုင် ၁ ရက်မနက်ပိုင်းမှာ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနိုင်ရဖို့ လိုအပ်မှာဖြစ်ပါတယ်။
10 months Ago
ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်သွားသူများအတွက် ပရီးမီးယားလိဂ်ပွဲတွင် ၁ မိနစ် ငြိမ်သက် ဆုတောင်း
မနေ့က ပြန်လည်စတင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့သူတွေအတွက် ကစားသမားတွေက ၁ မိနစ် ငြိမ်သက်ဆုတောင်းပေးခဲ့ပါတယ်။  ၃ လကျော်ကြာ ရပ်နားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မနေ့ညက ပြန်လည်စတင်ခဲ့ပြီး အက်စ်တွန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲဒီပွဲအပြီးမှာ မန်စီးတီးနဲ့ အာဆင်နယ်ပွဲစဉ် ဆက်လက်ကစားခဲ့ပါတယ်။ အဲဒီပွဲတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့သူတွေအတွက် ပွဲမစတင်ခင်မှာ ၁ မိနစ် ငြိမ်သက် ဆုတောင်းပေးခဲ့သလို လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ Black lives Matter  ဆိုတဲ့ ကမ်ပိန်းကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ကစားသမားတွေ အားလုံးရဲ့ နောက်ကျောမှာ သူတို့ရဲ့အမည်တွေအစား Black Lives Matter စာသားတွေနဲ့ အစားထိုးပြီး ဝတ်ဆင်ခဲ့တာပါ။  ဒါ့အပြင် လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်ကြောင်းပြသတဲ့ ဒူးတစ်ဖက် ထောက်ပြတဲ့ လှုပ်ရှားမှုကိုလည်း ကစားသမားတွေရော ဒိုင်လူကြီးတွေကပါ လုပ်ဆောင်ခဲ့ပါတယ်။ 
10 months Ago
မန်ယူအသင်းတွင် နှစ်ပေါင်းများစွာ ကစားလိုကြောင်း ဂိုးသမားဒီဂီယာပြော
မန်ချက်စတာယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာအထိ ဆက်ကစားချင်တယ်လို့ ဂိုးသမား ဒီဂီယာက ပြောပါတယ်။  ရှက်ဖီးယူနိုက်တက်အသင်းမှာ မန်ယူ လူငယ်ဂိုးသမား ဒီးဟန်ဒါဆန်က လက်စွမ်းပြသနေပေမယ့် မန်ယူနံပါတ်တစ် ဂိုးသမားနေရာကိုတော့ ဆက်ထိန်းထားလိုတယ်လို့ ဒီဂီယာက ပြောခဲ့တာပါ။  ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားချထားတဲ့ ဂိုးသမားဟန်ဒါ ဆန်ဟာ အခုနှစ်ရာသီအကုန်မှာ မန်ယူအသင်းဆီကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။  ဟန်ဒါ ဆန်ဟာလည်း ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့်ရယူချင်တာကြောင့် ဒီဂီယာနဲ့ အပြိုင် နေရာလုရဖို့ ရှိနေပါတယ်။  ဒီဂီယာကတော့ အသင်းနဲ့အတူ ၁၀ နှစ်လောက် ဖြတ်သန်းခွင့်ရခဲ့လို့ ဂုဏ်ယူကျေနပ်မိပြီး နှစ်ပေါင်းများစွာ ဆက်ကစားချင်တယ်လို့ ပြောပါတယ်။  ဒီဂီယာဟာ ပြီးခဲ့တဲ့စက်တင်ဘာလကမှာ တပတ်ပေါင် ၃၇၅၀၀၀ နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။  အသင်းရဲ့ခြေစွမ်းဟာလည်း တိုးတက်မူတွေရှိလာပြီး ဆုဖလားအားလုံးကို စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ဒီဂီယာက  သုံးသပ်ခဲ့ပါတယ်။ 
12 months Ago
ပရီးမီယားကလပ်များ မေလအတွင်း လေ့ကျင့်ခန်းပြန်စမည်
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ လေ့ကျင့်ခန်းအစီအစဉ်တွေကို မေလ ၉ရက်မှာ စတင်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဘောလုံးပွဲစဉ်တွေကို ရပ်နားထားရတာဖြစ်ပြီး ပြန်လည်စတင်မယ့်အချိန်က တိတိကျကျ မသတ်မှတ်ထားသေးပါဘူး။  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဇွန်လဆန်းမှာစတင်မယ့် သတင်းထွက်ပေါ်နေတာကြောင့်ပွဲမ စခင်မှာ ၃ ပတ်ခန့်လေ့ကျင့်ချိန်ရဖို့ ပရီးမီးယားလိဂ်ကလပ်တွေက ဆန္ဒရှိနေတာပါ။  အသင်းနည်းပြတွေဟာလည်း ကစားသမားတွေကို မေလ ၉ ရက်မှာ လေကျင့်ခန်းပြန်ဆင်းဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။  အဲဒီအသင်းတွေထဲမှာ ဘုန်းမောက်၊ ဝက်စ်ဟမ်း၊ ရှက်ဖီးယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့လည်းပါဝင်ပြီး လေ့ကျင့်မူတွေကို စတင်ပြုလုပ်ဖို့စိတ်အားထက်သန်နေကြတယ်လို့ သိရပါတယ်။ 
12 months Ago
ဂိုးသမား ဟန်ဒါဆန်  မန်ယူ၏ နံပါတ်တစ် ဂိုးသမားဖြစ်ရန် ဆန္ဒရှိနေ 
ဂိုးသမား ဒီးဟန်ဒါဆန်ဟာ မန်ချက်စတာယူနိုက်တက် နံပါတ်တစ် ဂိုးသမားဖြစ်ဖို့ မျှော်မှန်းနေတယ်လို့ ရှက်ဖီးနည်းပြ  ခရစ်စ်ဝဲလ်ဒါက ပြောပါတယ်။  အသက် ၂၃ နှစ်ရှိ ဂိုးသမား ဒီးဟန်ဒါဆန်ဟာ မန်ယူအသင်းကနေ ရှက်ဖီးယူနိုက်တက် အသင်းဆီကို တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာပါ။ ရှက်ဖီးယူနိုက်တက်မှာ အကောင်းဆုံးလက်စွမ်းပြနေပြီး  ၁၀ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ အခုနှစ်ရာသီအကုန်မှာ အငှားစာချုပ်ပြည့်မှာဖြစ်လို့ ယူနိုက်တက်အသင်းဆီ ပြန်သွားရမှာပါ။ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝဲလ်ဒါကတော့ ဟန်ဒါဆန်ဟာ မန်ယူအသင်းဆီ ပြန်ရောက်ရင် နံပါတ်တစ် နေရာကို ရယူလိုနေပြီး အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ပွဲထွက်ကစားဖို့ မျှော်လင့်ထားသူ ဖြစ်တယ်လို့ ပြောပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဟန်ဒါဆန်ကို လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ဖူးပါတယ်။ ယူနိုက်တက်မှာတော့ နံပါတ်တစ်ဂိုးသမား ဒီဂီယာ ရှိနေတဲ့အတွက် ဒီးဟန်ဒါဆန်အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက်တော့ ရုန်းကန်ရဖို့ ရှိနေပါတယ်။
1 year Ago
နော်ဝေအသင်း အောင်မြင်မှုများ ရလာတော့မည်ဟု ဒေါ့မွန်တိုက်စစ်မှူးပြော
နော်ဝေဘောလုံးအသင်း အောင်မြင်မှုတွေ ရရှိမယ့်အချိန် ရောက်လာတော့မယ်လို့ တိုက်စစ်မှူး ဟာလန်းက ပြောပါတယ်။  နော်ဝေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ကလပ်အသင်းမှာ ခြေစွမ်းပြနေပြီး ဥရောပ ထိပ်တန်းတိုက်စစ်မှူးတဦးလည်း ဖြစ်လာခဲ့ပါတယ်။  နော်ဝေအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၀၀ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အဓိကပြိုင်ပွဲတွေနဲ့ လွဲချော်နေတာ နှစ်၂၀ ရှိပြီဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ အသင်းရဲ့လူစာရင်းမှာ အရည်အသွေးရှိတဲ့ လူငယ် ကစားသမားတွေနဲ့ ကစားသမားကောင်းတွေ ရှိနေတဲ့အတွက် အောင်မြင်မှုရမယ့်အချိန် ရောက်လာတော့မယ်လို့ ဟာလန်းက ပြောပါတယ်။  ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးယူနိုက်တက်က ဆန်ဒါဘက်ချ်နဲ့ စကော့တလန်ကလပ် ဆဲလ်တစ်မှာ ခြေစွမ်းပြနေတဲ့ ခရစ္စတိုဖာတို့ကိုလည်း ဟာလန်းက ချီးကျူးခဲ့ပါတယ်။ နော်ဝေအသင်းမှာ ဆိုစီဒက်က အိုရီဂီ၊ ဘုန်းမောက်က ဂျိုရူအာကင်း၊ ဆမ်ဒိုးရီးယားက သော်စ်ဘီတို့လို ကစားသမားကောင်းတချို့လည်း ရှိပါတယ်။  နော်ဝေအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ ပလေးအော့ဖ်အဆင့်မှာ ဆားဘီးယားနဲ့ တွေ့ဆုံနေပြီး အနိုင်ရမယ်ဆိုရင်တော့ စကော့တန်နဲ့ အစ္စရေးပွဲက အနိုင်ရတဲ့ အသင်းနဲ့ နောက်ဆုံးအဆင့် ပလေးအော့ဖ်ကစားရမှာ ဖြစ်ပါတယ်။
1 year Ago
မန်ယူဂိုးသမား ဟန်ဒါဆန်ကို ခေါ်ယူရန် ချဲလ်ဆီး စိတ်ဝင်စား
ချဲလ်ဆီးအသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားထွက်ကစားနေတဲ့ မန်ယူဂိုးသမား ဒီးဟန်ဒါဆန်ကို ‌ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ပေါင် ၇၂ သန်းအထိ ပေးချေပြီး ခေါ်ယူခဲ့တဲ့ ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါရဲ့ လက်စွမ်း မတည်မငြိမ်ဖြစ်ခဲ့တာကြောင့် အရန်ဂိုးသမား ကာဘယ်လီယိုကို ပွဲထွက် အသုံးပြုနေရတာပါ။  ရေရှည်အတွက်တော့ ဂိုးသမားတဦး ခေါ်ယူဖို့ ရှာဖွေနေတဲ့ ချဲလ်ဆီးအသင်းဟာ မန်ယူ အကယ်ဒမီထွက် အသက် ၂၂ နှစ်ရှိ အင်္ဂလန်ဂိုးသမား ဒီးဟန်ဒါဆန်ကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။ 
1 year Ago
မန်ယူနိုက်တက် ဂန္ထဝင်ကစားသမားဖြစ်လိုဟု ဂိုးသမား ဒီးဟန်ဒါဆန် ပြော
မန်ယူအသင်းအတွက် ပွဲ ၅၀၀ လောက်အထိ ကစားနိုင်တဲ့ ဂန္ထဝင်ကစားသမား ဖြစ်ချင်တယ်လို့ ဂိုးသမား ဒီးဟန်ဒါဆန်က ပြောပါတယ်။  အသက် ၂၂ နှစ်ရှိ မန်ယူအကယ်ဒမီထွက်ဂိုးသမား ဒီးဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားထွက်ကစားနေတာပါ။  ရှက်ဖီးအသင်းမှာ အကောင်းဆုံး လက်စွမ်းပြနေပြီး ဂိုးမပေးရတဲ့ပွဲစဉ် ၉ ပွဲအထိရှိခဲ့တဲ့ ဒီးဟန်ဒါဆန်ဟာ တချိန်မှာတော့ ယူနိုက်တက်အသင်းဆီ ပြန်လာပြီး ကစားပေးဖို့ ပစ်မှတ်ထားနေတာပါ။  ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့က ငယ်စဉ်ကတည်းက မျှော်လင့်ထားတဲ့ အိပ်မက်ဖြစ်ပြီး တခဏတာ ကစားချင်တာတင်မဟုတ်ဘဲ ပွဲ ၅၀၀၊ ပွဲ ၃၀၀ လောက်အထိ ကစားပေးချင်တယ်လို့ ဒီးဟန်ဒါဆန်က ပြောပါတယ်။  ယူနိုက်တက်အသင်း အမှားအယွင်းတွေရှိခဲ့တဲ့ နံပါတ်တစ်ဂိုးသမား ဒီဂီယာရဲ့နေရာမှာ ဒီးဟန်ဒါဆန်နဲ့ အစားထိုးဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ 
1 year Ago
ပွဲထွက်ခွင့် မပေးပါက မန်ယူနိုက်တက်ကို ပြန်မလာဟု ဂိုးသမား ဒီးဟန်ဒါဆန်ပြော
ပွဲထွက်ကစားခွင့် မပေးပါက မန်ယူနိုက်တက်ကို ပြန်လာဖို့ စိတ်မဝင်စားဘူးလို့ ရှက်ဖီး ဂိုးသမား ဒီးဟန်ဒါဆန်က သတိပေးလိုက်ပါတယ်။ မန်ယူနိုက်တက် ဂိုးသမား ဒီးဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ  အငှားစာချုပ်နဲ့ သွားရောက် ကစားနေတာဖြစ်ပြီး အထူးလက်စွမ်းပြသနေတာပါ။ လီဗာပူး ဂိုးသမား အလီဆွန်နဲ့ ဘန်လေဂိုးသမား တွမ်ပုတ်တို့လို ပေးဂိုးမရှိတဲ့ပွဲစဉ် ၉ ပွဲအထိ ရရှိထားတဲ့ ဒီးဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ထွန်းတောက်လာမယ့် နောက်ထပ် ဂိုးသမားသစ်တဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်စွမ်းပြသနေတဲ့ ဟန်ဒါဆန်ကို ယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူဖို့ ရှိပေမယ့် ဟန်ဒါဆန်ကတော့ ပုံမှန်ပွဲထွက်ခွင့်မရပါက ပြန်လာဖို့ စိတ်ကူးမရှိကြောင်း သတိပေးသွားခဲ့တာပါ။ အသက် ၂၂ နှစ်ရှိ အင်္ဂလန်ဂိုးသမားဟာ ပြီးခဲ့တဲ့နှစ်က အင်္ဂလန် ယူ-၂၁ အသင်းမှာလည်း ပါဝင်ခဲ့ပြီး အသင်းကြီးလူစာရင်းမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ ပြသနေတဲ့ လက်စွမ်းအရလည်း ယူရို ၂၀၂၀ ပြိုင်ပွဲကြီးမှာ ဆက်လက်ရွေးချယ်ခံရဖို့ ရှိနေပါတယ်။
1 year Ago
ယူရိုပါလိဂ် ဝင်ခွင့်ရရေး ကြိုးပမ်းမည်ဟု အဲဗာတန်နည်းပြ ပြော
အဲဗာတန်အသင်းအနေနဲ့ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့အထိ ကြိုးပမ်းသွားမယ်လို့ နည်းပြ အန်စလော့တီက ပြောပါတယ်။  အဲဗာတန်အသင်းဟာ ဝက်ဖို့ဒ်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဦးဆောင် ဂိုး ၂ ဂိုးအရင်ပေး လိုက်ရပေမယ့် ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေသွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပွဲရခဲ့တာပါ။ လာမယ့်ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့အထိ ပစ်မှတ်ထား ကြိုးပမ်းရမှာဖြစ်ပြီး လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ မသေချာသေးပေမယ့် လက်ရှိခြေစွမ်းအတိုင်းသာ ဆက်ကစားနိုင်မယ်ဆိုရင် ဝင်ခွင့်ရနိုင်တယ်လို့ နည်းပြ အန်စလော့တီက ပြောပါတယ်။ အဲဗာတန်အသင်းဟာ ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တာကြောင့် အဆင့် ၉ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့် ၅ နေရာက ရှက်ဖီးယူနိုက်တက်နဲ့ ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
1 year Ago
ဂိုးမပေးရသည့် ပွဲအများဆုံးဂိုးသမားအဖြစ် ဒင်းဟန်ဒါဆန် ရပ်တည်
မန်ယူအသင်းကနေ အငှားလာကစားနေတဲ့ ရှက်ဖီးယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ဂိုးမပေးရတဲ့ပွဲ အများဆုံးဂိုးသမားအဖြစ် ရပ်တည်နေပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဒင်းဟန်ဒါဆန်ဟာ အခုရာသီပရီးမီးယားလိဂ်မှာ Clean Sheet ၈ ပွဲနဲ့  ဂိုးမပေးရတဲ့ ပွဲအများဆုံး ဂိုးသမားအစ် ရှမိုက်ကယ်နဲ့ ပူးတွဲပြီးရပ်တည်နေပါတယ်။ ဒင်းဟန်ဒါဆန်ဟာ ၂၀၁၇-၁၈ ရာသီက League One ရဲ့ တနှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့သလို၊ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီကလည်း လိဂ်ချန်ပီယံရှစ်မှာ ရွှေလက်အိတ်ဆု ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
1 year Ago
လူကျွံဘော စည်းမျဉ်း ပြောင်းလဲသင့်ဟု ဂရေမီဆောင်းနက် ပြော
စူပါဆန်းဒေးမှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်အပြီး VAR နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ပိုမိုထွက်ပေါ်လာချိန်မှာ လူကျွံဘော စည်းမျဉ်းတွေကို ပြောင်းလဲသတ်မှတ်သင့်တယ်လို့ ဂရေမီဆောင်းနက်စ်က ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက် ပွဲစဉ်မှာ လီဗာပူးအသင်းဘက်က ရရှိခဲ့တဲ့ဂိုးကို ကွင်းလယ်ဒိုင်က လက်ထိဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR နဲ့ စစ်ဆေးပြီးချိန်မှာတော့ ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဝုဗ်အသင်းရဲ့ နက်တိုက ချေပဂိုး တဂိုး ပြန်သွင်းခဲ့ပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတခု အနည်းငယ် လူကျွံနေခဲ့တာကြောင့် ဒီဂိုးကို လူကျွံဘောအဖြစ်သာ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ “ဒီစနစ်ကို နားကိုမလည်နိုင်တော့ဘူး။ ကျနော်တို့ ဘောလုံးပွဲတွေက ဖျော်ဖြေမှုပေးတဲ့ လုပ်ငန်းတခု ဖြစ်ပေမယ့် အခု ကျနော်တို့ လုပ်နေတာတွေက လူတွေကို ပျော်ရွှင်မှုဖြစ်စေမယ့် ဂိုးတွေကို ငြင်းပယ်နေတာမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ လုပ်သင့်တာကတော့ တိုက်စစ်မှူးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုခုကြောင့် လူကျွံဘောဖြစ်ရတယ် ဆိုတာကြီးကို ‌ပြောင်းလဲပစ်လိုက်ဖို့ပါပဲ” လို့ အားကစားအစီအစဉ်တင်ဆက်သူ ဆောင်းနက်စ်က ပြောပါတယ်။ “ကျနော်တို့ ဒီပုံအတိုင်း ဆက်သွားလို့မရပါဘူး။ အခုဆိုရင် ဒီစနစ်အပေါ် စိတ်ပျက် ဒေါသထွက်မှုတွေ ပိုပိုများလာပါပြီ” လို့လည်း သူက ပြောပါတယ်။ ဆောင်းနက်စ်ရဲ့ အဆိုကို လီဗာပူး ကစားသမားဟောင်း ဂျမီကာရေဂါကလည်း ထောက်ခံခဲ့ပြီးတော့ “VAR ကြောင့် ဂိုးတွေ ဆုံးရှုံးနေရပြီ” လို့ သုံးသပ်ပါတယ်။ VAR စနစ်ကို စတင်အသုံးပြုချိန်ကတည်းက အငြင်းပွားမှုများစွာ ဖြစ်ခဲ့ရတာပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတခုခု မသိမသာ အရှေ့ထွက်သွားလို့ လူကျွံဘောအဖြစ် သတ်မှတ်ခံရတဲ့ ဂိုးပေါင်းဟာလည်း ၂၂ ဂိုးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့ ပွဲစဉ်မှာ နက်တိုရဲ့ဂိုးသာ ခွင့်ပြုခံခဲ့ရမယ်ဆိုရင် ပွဲပြီးရလဒ်ဟာ တမျိုးတဖုံ ပြောင်းလဲသွားဖို့ရှိခဲ့ပေမယ့် လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ၁ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်‌။ “ဒီစနစ်က ရယ်စရာကြီးပါပဲ၊ တကယ်လည်း အလုပ်မဖြစ်ဘဲနဲ့ ဆုံးဖြတ်ချက်တွေဟာ ကျနော်တို့ကို သတ်နေသလိုပါပဲ။ VAR စနစ်က ဘောလုံးပွဲတွေကို ဆိုးကျိုးဖြစ်စေပြီးတော့ ဘယ်သူကမှလည်း ဒီစနစ်ကိုမကြိုက်ပါဘူး” လို့ ဝုဗ်အသင်းခေါင်းဆောင် ကော်နာကိုအာဒီက ပြောပါတယ်။ ဝုဗ်အသင်း နည်းပြ နူနိုကလည်း VAR စနစ်ကို ပျစ်ပျစ်နှစ်နှစ် ဝေန်ခဲ့ပြီးတော့ “ကွင်းထဲက ဆုံးဖြတ်ချက်တွေကို ကွင်းနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာ‌မှာရှိတဲ့ လူတွေက တီဗွီ စခရင်တခုကို ကြည့်ပြီး ချမှတ်ပေးနေပါတယ်။ တကယ်တော့ သူတို့မှာ ကွင်းထဲက ပြိုင်ပွဲအပေါ် ဘာခံစားမှုမှ ရှိမနေပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးနည်းပြ ယာဂန်ကလော့ကလည်း VAR အကြောင်း ဆွေးနွေးခဲ့သူစာရင်းမှာ ပါဝင်ခဲ့ပြီး “VAR ကို ဆုံးဖြတ်ချက်ချမှတ်ဖို့ အသုံးပြုနေကြတာပါ။ ကွင်းထဲက ဒိုင်အနေနဲ့ ကွင်းဘေးမှာ တပ်ဆင်ထားတဲ့ စခရင်ကို သွားကြည့်ပြီး ဆုံးဖြတ်တာက ပိုကောင်းမယ်လို့ ကျနော် ထင်ပေမယ့် ဒီလိုမျိုးသွားလုပ်တာမျိုး မတွေ့မိပါဘူး။ ဘာကြောင့်လဲ ဆိုတာတော့ ကျနော်လည်း သိပါဘူး” လို့ ပြောပါတယ်။ လီဗာပူးနဲ့ ဝုဗ် ပွဲစဉ်ဟာ VAR ကြောင့် အငြင်းပွားမှုကို ဖြစ်စေတဲ့ အခုသီတင်းပတ်ပွဲစဉ်တွေထဲက တခုသာ ဖြစ်ပြီးတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆောက်သမ်တန်၊ ဘရိုက်တန်နဲ့ ဘုန်းမောက်၊ နော့ဝှစ်နဲ့ စပါး၊ မန်စီတီးနဲ့ ရှက်ဖီးယူနိုက်တက်တို့ ပွဲစဉ်တွေမှာလည်း အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ဂိုးပယ်ဖျက်ခံရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
1 year Ago
ချဲလ်ဆီး နိုင်ပြီး အာဆင်နယ် ရှုံးပွဲတွေ့၊ စပါးသရေကျ (ရုပ်သံဟိုက်လိုက်)
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။  ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို အေဘရာဟမ်နဲ့ ပူလီဆစ်တို့က ဒုတိယပိုင်းမှာ သွင်းယူပါတယ်။ ချဲလ်ဆီးအတွက်တော့ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်တိုက် အနိုင်ရတာပါ။  စပါးအသင်းကတော့ အိမ်ကွင်းမှာ ရှက်ဖီးယူနိုက်တက်နဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ စပါးအသင်းက ၅၈ မိနစ်မှာ ဆန်ဟိုင်မင်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။  ရှက်ဖီးယူနိုက်တက်အတွက် ချေပဂိုးကို ၇၈ မိနစ်မှာ ပြန်လည်သွင်းယူပြီး သရေ တမှတ်စီ ခွဲယူလိုက်ရပါတယ်။  နောက်ပွဲစဉ်မှာတော့ လက်စတာက အိမ်ကွင်းမှာ အာဆင်နယ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူသွားပါတယ်။ အနိုင်ဂိုးကို တိုက်စစ်မှူး ဗာဒီနဲ့ ကွင်းလယ်သမား မက်ဒီဆန်တို့က သွင်းယူပါတယ်။  ဒီပွဲနိုင်တဲ့ လက်စတာက ချန်ပီယံ ပြေးလမ်းကြောင်းပေါ်ကို ရောက်လာပြီး အာဆင်နယ်က ရှုံးလို့  နည်းပြအတွက်တော့ ဖိအားတွေ ပိုများခဲ့ပါတယ်။ 
1 year Ago
အကြိတ်အနယ်ရှိမည့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ သုံးသပ်ချက်
ဒီတပတ် နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကစားကြမယ့် ပရီးမီးယား လိဂ်ပွဲစဉ်တွေထဲက အကြိတ်အနယ်ရှိနိုင်မယ့် ပွဲစဉ် ၅ ပွဲကို ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး-ခရစ္စတယ်ပဲလေ့ ပထမဆုံး ပွဲစဉ်အနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့ ည ၇ နာရီမှာ ကစားမယ့် ချဲလ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ် ပွဲစဉ်နဲ့ စချင်ပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ်မှာ ၅ ပွဲ ဆက်တိုက်နိုင်ပွဲနဲ့အတူ ပုံစံကောင်း ပြသနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်နေပြီး ခြေစွမ်းကလည်း အားရစရာ အခြေအနေမှာ မရှိပါဘူး။ ချဲလ်ဆီး အိမ်ကွင်းဖြစ်တာကြောင့် ပဲလေ့တို့ပိုပြီး ရုန်းကန်ရဖို့ရှိပါတယ်။ လန်ဒန်မြို့ခံ ပြိုင်ဘက်တွေ ဖြစ်ပေမယ့် ချဲလ်ဆီးရဲ့ လက်ရှိခြေစွမ်းကို ပဲလေ့စ်ယှဉ်ကစားနိုင်ဖို့ ခက်ပါတယ်။ ယော်ဂင်ညို၊ ကိုဗာဆစ်တို့ရဲ့ ကွင်းလယ်က တည်ငြိမ်မှုရှိသလို မေဆန်မောင့်၊ ပူလီဆစ်၊ အီဗရာဟမ်တို့ရဲ့ ချဲလ်ဆီးတိုက်စစ်ကလည်း အလုပ်ဖြစ်နေပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးပဲ နိုင်ပွဲရယူမှာဖြစ်ပြီး ဂိုးလည်း ပြတ်သွားဖို့ ရှိပါတယ်။ စပါး-ရှက်ဖီးယူနိုက်တက် နောက်တပွဲကတော့ နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၉ နာရီခွဲမှာ ကစားမယ့် စပါးနဲ့ ရှက်ဖီးယူနိုက်တက်ပွဲစဉ်ပါ။ စပါးတို့ ချန်ပီယံလိဂ်မှာတော့ ရလဒ်ကောင်း ပြန်လည်ရယူထားပြီး ဒီပွဲအတွက် စိတ်ဓာတ်မြင့်တက်နေပါလိမ့်မယ်။ အိမ်ကွင်းမှာ ကစားရမှာလည်း ဖြစ်လို့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်တို့ရဲ့ တိုက်စစ်က ရှက်ဖီးကို ဖိအားပေး ကစားဖို့ ပြင်ဆင်ထားလိမ့်မယ်။ ဒါပေမဲ့ ရှက်ဖီးယူနိုက်တက်ကလည်း ခြေစွမ်းမညံ့တဲ့အသင်းဖြစ်ပြီး နောက်ဆုံး ၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားပါတယ်။ အာဆင်နယ်နဲ့ ဘန်လေတို့ကို အနိုင်ရခဲ့တဲ့ ရှက်ဖီးက ခံစစ်ကစားပုံ ကောင်းမွန်တာကြောင့် စပါး ဂိုးတွေ အများကြီးရဖို့တော့ ခက်နိုင်ပါတယ်။ စပါးအသင်း ရုန်းကန်ရနိုင်ပေမယ့်လည်း အိမ်ကွင်းမှာ လိုအပ်တဲ့အနိုင် ရလဒ်တော့ ရနိုင်ဖို့ များပါတယ်။ လက်စတာ-အာဆင်နယ် လက်စတာနဲ့ အာဆင်နယ်တို့ ပွဲစဉ်ကိုတော့ နိုဝင်ဘာ ၉ ရက်နေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ လက်စတာရဲ့ ခြေစွမ်းက အကောင်းဆုံး ဖြစ်နေပြီး နောက်ဆုံး ၄ ပွဲ ဆက်တိုက်လည်း နိုင်ပွဲတွေရယူထားပါတယ်။ အာဆင်နယ်ကတော့ လက်စတာနဲ့ ပြောင်းပြန်ဖြစ်နေပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် သရေပွဲတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ လက်စတာရဲ့ ခြေစွမ်းက မာကျောမှုရှိပြီး အိမ်ကွင်း ဖြစ်နေတာကြောင့် အာဆင်နယ် ရုန်းကန်ရမှာ သေချာပါတယ်။ အီဗန်နဲ့ ဆိုယန်ကူ ခံစစ်က ပေးဂိုးနည်းသလို ဗာဒီ၊ တီလေမန်၊ မက်ဒီဆန်တို့ရဲ့ တိုက်စစ်ကလည်း အာဆင်နယ်ကို ဂိုးသွင်းနိုင်စွမ်း ရှိနေပါတယ်။ အာဆင်နယ်ကတော့ တိုက်စစ်ပိုင်းက အူဘာမီယန်း၊ လာကာဇက်နဲ့ ပေပေတို့ အတွဲကို မျှော်လင့်နိုင်ပေမယ့်လည်း ခံစစ်ပိုင်းက စိတ်ချရတဲ့ အခြေအနေမှာ ရှိမနေတာ တွေ့ရပါတယ်။ ဒီပွဲလည်း အာဆင်နယ် ရုန်းကန်ရနိုင်ပြီး လက်စတာ နိုင်ဖို့ များနေပါတယ်။ မန်ချက်စတာယူနိုက်တက်-ဘရိုက်တန် နောက်တပွဲကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်ပွဲစဉ် ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။ မန်ယူက ပြီးခဲ့တဲ့တပတ်က ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပါတီဇန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန်ကတော့ အဲဗာတန်နဲ့ နော်ဝှစ်ချ်စီးတီးတို့နဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန်က အိမ်ကွင်းဆိုရင် ခြေစွမ်းပြတတ်ပေမယ့် အဝေးကွင်းမှာတော့ အားနည်းမှုတွေရှိပြီး နောက်ဆုံးအဝေးကွင်း ၄ ပွဲ ဆက်တိုက် နိုင်ပွဲမရှိခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်က အိမ်ကွင်းဆိုရင် ခြေစွမ်းပြလေ့ရှိပြီး မာစီယယ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ တိုက်စစ်ကလည်း ဘရိုက်တန်ကို ဂိုးသွင်းဖို့ မခက်ပါဘူး။ မန်ယူအသင်း နိုင်ပွဲပြန်လည်ရယူမယ့်ပွဲ ဖြစ်ပြီး ဂိုးပြတ်၊ မပြတ်ဘဲ စောင့်ကြည့်ရနိုင်ပါတယ်။ လီဗာပူး-မန်စီးတီး နိုဝင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီမှာတော့ ဒီတပတ်ရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်လာမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲစဉ်ကို ယှဉ်ပြိုင်ကြမှာပါ။ နှစ်သင်းစလုံးက အကောင်းဆုံး ခြေစွမ်းရနေကြတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်လာမှာပါ။ လီဗာပူးက မန်စီးတီးကို ၆ မှတ် ဖြတ်ထားလို‌ေ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ၉ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်မှာပါ။ မန်စီးတီးအတွက်ကတော့ မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်တဲ့ပွဲ ဖြစ်ပါတယ်။ လီဗာပူးမှာ မာတစ် ဒဏ်ရာရနေပြီး မန်စီးတီးမှာတော့ အီဒါဆန် ပွဲထွက်ဖို့ မသေချာသလို ရိုဒရီ၊ လာပေါ်တေး၊ ဆေးလ်ဗား၊ ဆာနေးတို့ ဒဏ်ရာကြောင့် လွဲချော်မှာပါ။ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင်တော့ မန်စီးတီးက ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး လီဗာပူးက ၁ ကြိမ်ပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးကွင်းမှာတော့ ၂၀၀၃ ခုနှစ်နောက်ပိုင်းကတည်းက မန်စီးတီး အနိုင်မရတော့တာ တွေ့ရပါတယ်။ ဒီပွဲလည်း လီဗာပူး အနည်းဆုံး သရေ ကစားနိုင်ပါတယ်။ အခု ပြောပြခဲ့တဲ့ ပွဲစဉ်တွေကို ပြန်လည်သုံးသပ်ရမယ် ဆိုရင်တော့ ချဲလ်ဆီး၊ စပါး၊ လက်စတာ၊ မန်ယူနဲ့ လီဗာပူးတို့ ရလဒ်ကောင်းရဖို့ ရှိနေကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ ဝဏ္ဏကို
1 year Ago
ချဲလ်ဆီးအသင်း တန်းတက်ရှက်ဖီးအသင်းကို သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ  (ရုပ်သံ)
2 years Ago
ချဲလ်ဆီးနှင့် လက်စတာ ၁ ဂိုးစီသရေကျ (ရုပ်သံ)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးနဲ့ လက်စတာအသင်းတို့ တဖက်တဂိုးစီ သရေကျသွားပါတယ်။ ကစားသမားဟောင်း လမ်းပတ် နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းဟာ ရာသီအစ ဒုတိယပွဲမှာလည်း အနိုင်မရဘဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ မကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်မှာလည်း လက်စတာအသင်းက အခွင့်အရေး ပိုရရှိခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၇ မိနစ်မှာ လက်စတာနောက်ခံလူ အမှားကနေ မက်ဆန်မောင့်က သွင်းယူခဲ့ပါတယ်။ လက်စတာအသင်းအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၇ မိနစ်မှာ ဝီလ်ဖရက်ဒ် အန်ဒီဒီက သွင်းယူပေးခဲ့ပါတယ်။ မနေ့ညကပွဲ အစောပိုင်းယှဉ်ပြိုင်တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ် ပွဲစဉ်မှာတော့ ရှက်ဖီးယူနိုက်တက်က တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
2 years Ago
Up