ဂိုးသမား ဒီးဟန်ဒါဆန်ဟာ မန်ချက်စတာယူနိုက်တက် နံပါတ်တစ် ဂိုးသမားဖြစ်ဖို့ မျှော်မှန်းနေတယ်လို့ ရှက်ဖီးနည်းပြ ခရစ်စ်ဝဲလ်ဒါက ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ ဂိုးသမား ဒီးဟန်ဒါဆန်ဟာ မန်ယူအသင်းကနေ ရှက်ဖီးယူနိုက်တက် အသင်းဆီကို တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာပါ။
ရှက်ဖီးယူနိုက်တက်မှာ အကောင်းဆုံးလက်စွမ်းပြနေပြီး ၁၀ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဟန်ဒါဆန်ဟာ အခုနှစ်ရာသီအကုန်မှာ အငှားစာချုပ်ပြည့်မှာဖြစ်လို့ ယူနိုက်တက်အသင်းဆီ ပြန်သွားရမှာပါ။
ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝဲလ်ဒါကတော့ ဟန်ဒါဆန်ဟာ မန်ယူအသင်းဆီ ပြန်ရောက်ရင် နံပါတ်တစ် နေရာကို ရယူလိုနေပြီး အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ပွဲထွက်ကစားဖို့ မျှော်လင့်ထားသူ ဖြစ်တယ်လို့ ပြောပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဟန်ဒါဆန်ကို လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ဖူးပါတယ်။
ယူနိုက်တက်မှာတော့ နံပါတ်တစ်ဂိုးသမား ဒီဂီယာ ရှိနေတဲ့အတွက် ဒီးဟန်ဒါဆန်အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက်တော့ ရုန်းကန်ရဖို့ ရှိနေပါတယ်။
1 year Ago