Search Results For: စီဘီဘဏ်

မြောက်ဒဂုံ စီဘီဘဏ်ကို သေနတ်အတု၊ ဗုံးအတုဖြင့် ဓားပြတိုက်သူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ စီဘီဘဏ်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက် ဗုံးအတုထားခဲ့ပြီး ငွေကျပ်သိန်း ၆၀၀  ဓားပြတိုက်ပြေးသွားသူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  ဖေဖော်ဝါရီ ၇ ရက်မနက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ပင်လုံလမ်းနဲ့ အဏ္ဏဝါလမ်းသွယ်ထောင့်ရှိ စီဘီဘဏ်ကို အမျိုးသားတစ်ဦးက ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ကာ ဗုံးလို့ ယူဆရတဲ့ အရာဝတ္ထုကို ချထားခဲ့ပြီး ငွေကျပ်သိန်း ၆၀၀ လောက် လုယူကာ ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။ ဒီအမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အင်ကြင်းမြိုင်လမ်း၊ အမှတ်(၃၃)ရပ်ကွက်နေ တရားခံ စိုးကျော်ကျော်(၄၇-နှစ်)ကို ဖေဖော်ဝါရီ ၁၁ ရက် ည ၆ နာရီခွဲ မှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ Probox ကားအပါအဝင် လုယက်သွားတဲ့ မြန်မာငွေကျပ်သိန်း ၃၇၀ ကျော်၊ လုယူငွေတွေနဲ့ လဲလှယ်ထားတဲ့ အမေရိကန်ဒေါ်လာ ၇၀၀၀ နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲသတင်းမှာဖော်ပြပါတယ်။ တရားခံ စိုးကျော်ကျော်ဟာ အရေးကြီးငွေလိုအပ်နေတဲ့အတွက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကာ ဘောစေ့နဲ့ ပစ်ရတဲ့ သတ္တုကိုယ်ထည် သေနတ်အတု၊ ဗုံးအတုတို့နဲ့ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ယာဉ်နံပါတ်အတုတို့ကို ရှာဖွေ ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ ရဲသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
2 years Ago

သိန္နီမြို့၌ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကိုဗစ်ပိုး တွေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့က လျှပ်စစ်ဝန်ထမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ ဇွန် ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် လားရှိုးမြို့ ပြည့်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြသင်းကြူကုမ္ပဏီက လျှပ်စစ်ဝန်ထမ်း ကိုယ်ဝန်​ဆောင်အမျိုးသမီးဟာ နေထိုင်မကောင်း ဖြစ်နေတဲ့အတွက် လားရှိုးပြည်သူ့ဆေးရုံမှာ သွားရောက်ပြသရာက ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“ပိုးတွေ့တာ ကိုယ်ဝန်ဆောင်အမျိုးသမီးပါ။ နေမကောင်းဖြစ်နေတာ ၂ ပတ်လောက် ရှိနေပြီလို့ သိရတယ်။ နေမကောင်းလို့ ဆေးရုံသွားပြမှ  positive ဖြစ်နေတယ်။ အခု ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ အမျိုးသမီးရဲ့နေအိမ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ လျှပ်စစ်ရုံးကို ကျန်းမာရေးဌာနက လိုအပ်တဲ့ပိုးသတ်ဆေးဖြန့်တာ၊ ဝင်ထွက်သွားလာမှု ကန့်သတ်ထိန်းချုပ်တာ မရှိသေးဘူးလို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

စစ်ကောင်စီကဖွင့်တဲ့ ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ၊ စီဘီဘဏ်မှာ လူစုလူဝေးနဲ့ ငွေထုတ်ယူဖို့ စောင့်ဆိုင်းနေရတဲ့သူတွေနဲ့ သိန္နီမြို့ခံပြည်သူတွေ  ရောဂါကူးစက်မှာကို စိုးရိမ်နေကြပါတယ်။

7 months Ago

စစ်တွေမြို့က ဘဏ်ခွဲဝန်ထမ်းတဦး ကိုဗစ်-၁၉ ကူးစက်ခံရဟု ရိုးမဘဏ်အတည်ပြု

စစ်တွေမြို့က ရိုးမဘဏ်ခွဲဝန်ထမ်းတယောက်ဆီမှာ ကိုဗစ်-၁၉ တွေ့ရတယ်လို့ ရိုးမဘဏ်က အတည်ပြုထုတ်ပြန်လိုက်ပြီး အဲဒီဘဏ်ကို ယာယီပိတ်ထားလိုက်ပါတယ်။ လူနာအမှတ် ၄၁၁ ဟာ စစ်တွေမြို့၊ မြောက်ရူပါ ရပ်ကွက်က ရိုးမဘဏ်ခွဲဝန်ထမ်းတယောက်ဖြစ်ပြီး လက်ရှိမှာ ဆေးကုသခံနေတယ်လို့ ဒီနေ့ ထုတ်ပြန်တာပါ။ ရိုးမဘဏ် စစ်တွေဘဏ်ခွဲကို ပိုးသတ်သန့်စင်တာတွေ လုပ်ဖို့ ယာယီပိတ်ထားပြီး စစ်တွေဘဏ်ခွဲက ဝန်ထမ်း ၂၈ ယောက်ဟာလည်း အသွားအလာကန့်သတ်နေထိုင်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တွေ စီဘီဘဏ်ခွဲဝန်ထမ်းတယောက်ဆီမှာ ကိုဗစ်-၁၉ တွေ့ခဲ့ရတာကြောင့် ဘဏ်ခွဲကို ၂ ရက်ပိတ်မယ်လို့ စီဘီဘဏ်က ကြေညာခဲ့ပါတယ်။
1 year Ago

စစ်တွေမြို့က ကိုဗစ်-၁၉ လူနာသစ် ၃ ဦးတွင် ဘဏ်ဝန်ထမ်းမိသားစု ၂ ဦးပါဝင် 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ထပ်တွေ့တဲ့  ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထဲမှာ   လူနာအမှတ် ၃၇၅ နဲ့ ထိတွေ့ခဲ့တဲ့ ဘဏ်ဝန်ထမ်းမိသားစုဝင်၂ ဦးနဲ့  ဘယ်က ကူးစက်လာမှန်းမသိတဲ့ လူနာ ၁ ဦး ပါဝင်တယ်လို့ စစ်တွေကျန်းမာရေးဌာက သိရပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က “စစ်တွေက ၅၁ ဦးနဲ့ ကျောက်ဖြူ ၃၃ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ကို စစ်ဆေးရာမှာ အားလုံးNegative ဖြစ်ခဲ့ပေမဲ့ လူနာအမှတ် ၃၇၅ နဲ့ ထိတွေခဲ့တဲ့ ဘဏ်ဝန်ထမ်းမိသားစုတွေကိုပါ သံသယရှိတဲ့အတွက်စစ်ဆေးရာမှာ ဘဏ်ဝန်ထမ်း မိသားစုဝင် ၂ ဦးထပ်တွေ့တယ်။ နောက် ၁ ဦးကတော့ ဘယ်ကကူးစက်လာမှန်းမသိတဲ့ လူနာ ဖြစ်နေတယ်။ သူက နေထိုင်မကောင်းလို့ ကျန်းမာရေးဌာနကို သီးသန့်လာပြတဲ့သူဖြစ်တယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။ လူနာအမှတ် ၃၇၇ မှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့က အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး စစ်တွေမြို့ မိဇံကမ်းနားလမ်းရပ်ကွက်မှာ နေထိုင်ကာ NGO အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူဟာ သြဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ ဖျားနာလာတဲ့အတွက် ဆေးရုံသို့ လာရောက်ပြသရာမှာ သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကို  သြဂုတ် ၁၈ ရက်က ရယူ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိ ခဲ့ရတာလို့ စစ်တွေကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အသက် ၅ဝ အရွယ် လူနာအမှတ် ၃၇၈ နဲ့ အသက် ၄၅ နှစ် လူနာအမှတ်  ၃၇၉ တို့ နှစ်ဦးတို့မှာ လူနာအမှတ် ၃၇၅ နဲ့ထိတွေ့ခဲ့တဲ့ CB ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ မိသားစုဝင် ၂ ဦးဖြစ်ပြီး  စစ်တွေမြို့ တိုင်းရင်းဆေးရုံမှာ Facility Quarantine အဖြစ် စောင့်ကြည့်လူနာတွေအထဲက ဖြစ်တယ်လို့  စစ်တွေကျန်းမာရေးဌာနက သိရပါတယ်။ အခုလက်ရှိ အဆိုပါ လူနာသစ် ၃ ဦးနဲ့ ထိတွေ့မှုရှိခဲ့သူ ဘယ်လောက်ကို  စစ်ဆေးသွားမယ်ဆိုတာ ပြောမရနိုင်သေးဘူးလို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ "အတိအကျ ပြောမရနိုင်သေးပါဘူး။ ကျနော်တို့အစည်းအဝေးတွေ ပြုလုပ်နေပါတယ်။ များစွာဖြစ်နိုင်ပါတယ်။" စစ်တွေမြို့မှာ  စီဘီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက်၂၆ နှစ်အရွယ်အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိကြောင်း သြဂုတ် ၁၆ ရက် ညနေ ၈ နာရီက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ၃ ရက်အကြာမှာ နောက်ထပ် အမျိုးသမီး ၃ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။ စစ်တွေမြို့က စီဘီဘဏ်ဝန်ထမ်းအမျိုးသမီးဖြစ်တဲ့ လူနာအမှတ် ၃၇၅ ဟာ ရခိုင်ပြည်နယ်မှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ဒုတိယမြောက်ကူးစက်ခံရသူ ဖြစ်ပြီး ယခု ရောဂါပိုး ထပ်မံတွေသူ ၃ ဦးကလည်း ပြည်တွင်းကူးစက်ခံရသူတွေဖြစ်လို့  စစ်တွေဒေသခံတွေက အထူးစိုးရိမ်နေတယ်။ စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်က ကိုလှထွန်းမောင်က "တကယ်စဉ်းစားရင် မတွေးဝံ့ စရာပါ။ အခုရောပိုးတွေ့ရှိသူ ၄ ဦးက လူတွေနဲ့ ဘယ်လောက် ထိတွေ့ခဲ့သလဲဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့မရနိုင်ပါဘူး။ မိမိဘာသာကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့ပဲ ရှိပါတော့တယ်။” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နဲ့ ဆက်စပ်တဲ့ လူ ၁ဝဝ နီးပါးကိုလည်း စောင့်ကြည့်လူနာအဖြစ်ထားရှိကာ ဆေးစစ်ချက် နမူနာရယူ စစ်ဆေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့်   အခုရောဂါပိုးတွေ့ရှိသူ လူနာ ၃ ဦးနဲ့ ထိတွေ့သူ ဘယ်လောက်ကို စစ်ဆေးမယ်ဆိုတာတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သံတွဲမှာ ၁ ဦး ၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမှာ ၁ ဦး ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၈ ဦးနဲ့ ကျောက်တော်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦးရှိခဲ့ပြီး အားလုံးရောဂါကင်းစင်နေကောင်းသွားပြီဖြစ်လို့ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ပါတယ်။  
1 year Ago

စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့်  ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်တွေ့ 

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပကိုခရီးသွားခဲ့တာမရှိတဲ့  ကိုဗစ်-၁၉ လူနာသစ်  ၃ ဦးထပ်မံ စစ်ဆေး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဩဂုတ် ၁၉ ရက် မနက်၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာသစ် ၃ ဦးကတော့ စစ်တွေ့မြို့မှာ နေထိုင်တဲ့ အမျိုးသမီး ၃ ဦးတို့ဖြစ်ကြပြီး သူတို့ဟာ ကိုဗစ်-၁၉ လူနာနဲ့ ထိတွေ့ခဲ့တာမရှိသလို ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိဘူးလို့ လည်းသိရပါတယ်။ လူနာသစ် ၃ ဦးအနက် တစ်ဦးက စောင့်ကြည့်လူနာဖြစ်ပြီး ကျန်နှစ်ဦးကတော့ စစ်တွေမြို့မှာ အသွားအလာကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ မနေ့က ထပ်မံ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄၃ ခုမှာ  အတည်ပြုလူနာသစ် ၃  ဦးထံမံတွေ့ရှိခဲ့တာပါ။ ဩဂုတ် ၁၆ ရက်ကလည်း ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိတဲ့ စစ်တွေမြို့က စီဘီဘဏ်ဝန်ထမ်း  အမျိုးသမီး တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့လို့ သူနဲ့ ထိတွေ့မှုရှိခဲ့သူတွေကို ဆေးစစ်တာနဲ့  အသွားအလာကန့်သတ်တာတွေလုပ်ဆောင်နေရ ပါတယ်။ ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ့ရှိခဲ့တာ  ဇူလိုင် ၁၇ ရက်နေ့က နောက်ဆုံးဖြစ်ပြီး အခု တစ်လနီးပါးအကြာမှာ နောက်ထပ် လူနာသစ်တွေ နှစ်ရက်ဆက်တိုက် ထပ်တွေ့ရတာလည်းဖြစ်ပါတယ်။ ဩဂုတ် ၁၉ ရက် မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၇၉ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၃၁ ဦး၊ ဆေးရုံမှဆင်းသွားသူ  ၃၂၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၇ ဦးရှိပါတယ်။
1 year Ago

စစ်တွေမြို့ကကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူ ၈၄ ဦးပိုးမတွေ့၊ ပုဏ္ဏားကျွန်းက ၁၁ ဦးကို စစ်ဆေး 

ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နဲ့ ထိတွေခဲ့တဲ့ စစ်တွေမြို့က ၅၁ ဦးနဲ့ ကျောက်ဖြူမြို့က ၃၃ ဦးစုစုပေါင်း ၈၄ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံးရောဂါပိုးမတွေ့ရှိရဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် သူနဲ့ ထိတွေ့ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့က ၁၁ ဦးကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့  ရခိုင်ပြည်နယ်ကျန်းမာရေးဌာနကနေ သိရပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က "ဟုတ်ပါတယ်။ စစ်တွေက ၅၁ ဦးနဲ့ ကျောက်ဖြူ ၃၃ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ကို မနေ့က ပို့လိုက်တယ်။ ဒီနေ့အဖြေသိရတယ်။ အားလုံး Negative ပြပါတယ်။ ဒီနေ့မှာတော့ ပုဏ္ဏားကျွန်းက ၁၁ ဦးရဲ့  နှာခေါင်းနဲ့အာခေါင်တို့ဖတ်   ပို့ဖို့စီစဉ်နေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ လူနာအမှတ် ၃၇၅ ဟာ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းသို့ ဘုရားဖူးသွားရင်း ဆွေမျိုးတွေရှိရာ  ပုဏ္ဏားကျွန်းမြို့တဘက်ကမ်းရှိ ရေပေါက်ချောင်းကျေးရွာသို့  အလည်အပတ် သွားရောက်ခဲ့​တာကြောင့် သူနဲ့ထိတွေ့ခဲ့တဲ့  ဆွေမျိုး ၁၁ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်  ဓာတ်ခွဲနမူနာ ရယူစစ်ဆေးဖို့ ရှိနေတာပါ။ ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့ရှိ အထင်ကရ ဘုရားတွေကို သွားရောက်ခဲ့တဲ့အတွက်  သူနဲ့ ထိတွေ့ခဲ့သူတွေ များစွာရှိနိုင်တယ်လို့  ပုဏ္ဏားကျွန်းမြို့နေ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နေ ကိုဖြူသိန်းမောင်က "ဥရာဇ်တောင်ဘုရားကိုသွားတယ်။ ဓာတ်လှေကားနဲ့တက်ရမယ်။ ဂူဝဘုရားကိုသွားမယ် ထိတွေမှုတွေကအနည်းနဲ့ အများကျန်နေနိုင်ပါသေးတယ်။ တကယ်စိုးရိမ်စရာပါ။ ထိတွေခဲ့သူတွေကလည်း သူမကို ဘယ်သူဘယ်ဝါမသိတော့ သူနဲ့ ထိတွေခဲ့သလားဆိုတာ  မှတ်မိဖို့မလွယ်ဘူးဗျ။"လို့ ပြောပါတယ်။ စစ်တွေမြို့က စီဘီဘဏ်ဝန်ထမ်း အမျိုးသမီးဖြစ်တဲ့ လူနာအမှတ် ၃၇၅ ဟာ  ရခိုင်ပြည်နယ်မှာ  ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ  ဒုတိယမြောက်ကူးစက်ခံရသူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သံတွဲမှာ ၁ ဦး ၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမှာ ၁ ဦး ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၈ ဦးနဲ့  ကျောက်တော်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦးရှိခဲ့ပြီး အားလုံးရောဂါကင်းစင်နေကောင်းသွားပြီဖြစ်လို့ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ပါတယ်။ သတင်း-လင်းလက်
1 year Ago

စစ်တွေမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နှင့်ထိတွေ့ခဲ့သူ  ၈၄ ဦးကို ဓာတ်ခွဲနမူနာယူ စစ်ဆေးနေ 

စစ်တွေမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅နဲ့  ထိတွေ့မှုရှိခဲ့သူ စစ်တွေမြို့မှ ၅၁ ဦးနဲ့  ကျောက်ဖြူမြို့မှ ၃၃ ဦး၊ စုစုပေါင်း ၈၄ ဦးထံမှ ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာဟာ စစ်တွေမြို့ရှိ CB-ဘဏ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတဦးဖြစ်ပြီး  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့  ပုဏ္ဏားကျွန်းမြို့နယ်တွေကို ခရီးသွားခဲ့သူဖြစ်တယ်လို့  ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က "သူမက ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျောက်ဖြူကိုသွားတယ်။ သြဂုတ်လ ၂ ရက်နေ့မှာစစ်တွေကို ပြန်လာတယ်။ ၃ ရက်နေ့မှာ ပုဏ္ဏားကျွန်းကို ဘုရားဖူးသွားတယ်။ ၄ ရက်နေ့မှာ အလုပ်ပြန်ဆင်းတယ်။ သူက CB-ဘဏ်ဝန်းထမ်းဖြစ်တယ်။ ဘဏ်ကဝန်ထမ်းအားလုံးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူပြီး Facility Quarantine ထားထားတယ်။ ဘဏ်ပိတ်ခိုင်းထားတယ်။ သူ့အိမ်မှာ လူ ၁၉ ဦးရှိတယ်။ သူတို့ကိုလည်း  Facility Quarantine ထားပြီး သူတို့ကိုစစ်ဆေးသွားမယ်။ နောက် ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းမှာ ထိတွေ့ခဲ့သူတွေကို လည်းစုံးစမ်းနေတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါလူနာဟာ သြဂုတ် ၁၂ ရက်ကစပြီး  ဖျားတာ၊ နှာစေးတာ၊ အနံ့မရတာ စတဲ့ လက္ခဏာ တွေ ဖြစ်ပေါ်နေလို့  ဆေးခန်းသွားပြရာမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရလို့ သူ့ကို  စစ်တွေဆေးရုံမှာ သံသယလူနာအဖြစ် Facility Quarantine ထားရှိခဲ့တာပါ။ သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကိုယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပိုဆောင်ခဲ့ရာ သြဂုတ်လ ၁၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါတွေ့ရှိကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လူနာအမှတ် ၃၇၅ ဟာ စစ်တွေမြို့ ဓညဝတီ(ခ)ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး လတ်တလော အိမ်သားတွေအားလုံးကို  Facility Quarantine  ထားရှိတယ်လို့ သိရပါတယ်။ လူနာရဲ့ ဖခင်ဖြစ်သူ ဦးဖြူမောင်သိန်းက"ကျနော့်သမီးက ဘဏ်ကဝန်ထမ်းအဖွဲ့နဲ့ ကျောက်ဖြူကို နှစ်ညအိပ် ၃ ရက်သွားခဲ့တယ်။ ပုဏ္ဏားကျွန်းကို သွားခဲ့တာတော့ မသိလိုက်ပါဘူး။ ကျနေ့မိန်းမရဲ့ အစ်မမှာ သားတစ်ဦး ဗိုက်ခွဲရလို့ ပုဏ္ဏားကျွန်းက ဆွေမျိုးတွေ သတင်းမေးဖို့ရောက်နေကြတယ်။ အားလုံး အိမ်ငှားနေတဲ့ သတင်းထောက် ၁ ဦးအပါအဝင် လူ ၁၉ ဦးရှိတယ်။ ဖျားနာတဲ့သူတစ်ဦးမှ မရှိပါဘူး။ မနက်က ကျန်းမာရေးဌာနက နှာခေါင်းနဲ့ အာခေါင် တို့ဖတ်တွေယူသွားကြပါပြီ။ ပထမတော့ တိုင်းရင်းဆေးရုံကိုပို့မယ်လိုပြောတယ်။ ကျနော်တို့က  မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောပြထားတယ်။ လူများတော့ စားသောက်ရေးအခက်အခဲဖြစ်မယ်။ မိမိနေအိမ်မှာပဲ  Facility Quarantine နေထိုင်ဖို့ပြောထားတယ်"လို့​ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိ စစ်တွေမြို့မှာရှိတဲ့ စီဘီဘဏ်ကို ၂ ရက်ယာယီပိတ်ထားပြီး ဘဏ်ဝန်ထမ်းတွေကို အသွားအလာကန့်သတ်ထားသလို့ အဆိုပါလူနာ ခရီးသွားစဉ် တည်းခိုနေထိုင်ခဲ့တဲ့ ကျောက်ဖြူမြို့က မြနန်းတော် တည်းခိုခန်းကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေပြုလုပ်နေပါတယ်။ လူနာအမှတ် ၃၇၅ ဟာ ရခိုင်ပြည်နယ်မှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်-၁၉ ရောဂါ ဒုတိယမြောက်ကူးစက်ခံရသူဖြစ်ပါတယ်။
1 year Ago

စစ်တွေမြို့က CB ဘဏ်ခွဲကို ၂ ရက် ယာယီပိတ်မည်

ကိုဗစ်-၁၉ လူနာဝန်ထမ်း  လုပ်ကိုင်ခဲ့တဲ့ စစ်တွေမြို့က ဘဏ်ခွဲကို ၂ ရက် ယာယီပိတ်မယ်လို့ စီဘီဘဏ်က ကြေညာပါတယ်။ သြဂုတ် ၁၆ ရက် ည ၈ နာရီ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉  လူနာအမှတ်စဉ် ၃၇၅ ဟာ စီဘီဘဏ် စစ်တွေဘဏ်ခွဲက ဝန်ထမ်းအမျိုးသမီးတယောက်ဖြစ်ပြီး သြဂုတ် ၁၄ ရက်မှာ ရောဂါလက္ခဏာတွေ့ရပြီး ဆေးခန်းကိုသွားပြရာကနေ စစ်ဆေးရင်း ပိုးတွေ့ခဲ့တာပါ။ အဲဒီအမျိုးသမီးဟာ ကျောက်ဖြူမြို့ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး လက်ရှိမှာတော့ စစ်တွေမြို့က စီဘီဘဏ် ဝန်ထမ်း ၂၇ ယောက်နဲ့ လူနာနေထိုင်တဲ့အိမ်ကလူ ၁၉ ယောက်တို့ကို အသွားအလာကန့်သတ်ထားပါတယ်။ စစ်တွေဘဏ်ခွဲက ဝန်ထမ်းအားလုံးကို ရောဂါပိုး ရှိ၊ မရှိ ဒီနေ့ အမြန်ဆုံးစစ်ဆေးမှာ ဖြစ်ပြီး ဘဏ်ကိုတော့ သြဂုတ် ၁၇ နဲ့ ၁၈ ရက်တို့မှာ ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ CB Bank Core Banking System နဲ့ စီဘီဘဏ်ခွဲအားလုံးမှာ စစ်တွေဘဏ်ခွဲကိုယ်စား ဝန်ဆောင်မှုပေးနေတယ်လို့လည်း ဆိုပါတယ်။ ရောဂါပိုးတွေ့ခဲ့ရတဲ့ ဝန်ထမ်းနဲ့ ဆေးစစ်ရမယ့် ဝန်ထမ်းအားလုံးကို ဘဏ်ကနေ အပြည့်အဝ ထောက်ပံ့ပေးမယ်လို့လည်း ဆိုပြီး ဘဏ်ခွဲ အဆောက်အဦနေရာ အားလုံး၊ ရုံးသုံးပစ္စည်းအားလုံးကို ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျ ပိုးသတ်ဆေးဖြန်းထားပါတယ်။
1 year Ago

ဒဂုံမြောက်ပိုင်း CB ဘဏ်တွင် ဓားပြတိုက်မှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းမှာရှိတဲ့ စီဘီဘဏ်မှာ ဒီနေ့ မနက်က ဓားမြတိုက်မှု ဖြစ်ပွားပါတယ်။ ဘဏ်ဖွင့်ချိန်မှာ ဘဏ်လုံခြုံရေးဝန်ထမ်းကို လူ ၂ ဦးက သေနတ်လို့ ယူဆရတဲ့ အရာနဲ့ ချိန်ကာ ဘဏ်ထဲကိုဝင်ရောက်လာပြီး ကျပ်သိန်း ၆၀၀ ကို ယူဆောင်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။  ဓားပြတိုက်သူ ၂ ဦးဟာ ဘဏ်ထဲမှာ ချိန်ကိုက်မိုင်းလို့ ယူဆရတဲ့ အရာတခုကိုလည်းထားရှိခဲ့ ပါတယ်။  လုံခြုံရေးတပ်ဖွဲ့တွေက မိုင်းကို ရှင်းလင်းရာမှာ တကယ့်မိုင်းအစစ်မဟုတ်ဘူးလို့လည်း သိရပါတယ်။ အဆိုပါ ဓားပြမှုကို ရဲတပ်ဖွဲ့ကတော့ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ 
2 years Ago

Western Union နှင့် စစ်တပ်ပိုင်မြဝတီဘဏ်တို့ တွဲဖက်ဝန်ဆောင်မှု လုပ်ငန်းရပ်ဆိုင်း

     အမေရိကန်အ‌ခြေစိုက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Western Union က မြန်မာ စစ်တပ်ပိုင်လုပ်ငန်းစုတွေထဲက တခုဖြစ်တဲ့ မြဝတီဘဏ်နဲ့ တွဲဖက်ဝန်ဆောင်မှုလုပ် ငန်းလုပ်ဆောင်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။        ကမ္ဘာတလွှား အပြည်ပြည်ဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Western Union ဟာ မြန်မာနိုင်ငံနဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်တွင်းဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်စတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေသွင်းငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။        ခုလတ်တလော မြဝတီဘဏ်နဲ့ တွဲဖက်လုပ်ငန်းလုပ်ဆောင်မှုရပ်ဆိုင်းတဲ့ ကိစ္စမှာတော့ သူတို့ရဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပြီးနောက်မှာ စာချုပ်ကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ Western Union က ပြီးခဲ့တဲ့ အင်္ဂါနေ့က စာပေးပို့အကြောင်းကြားလာတာဖြစ်ကြောင်း မြန်မာအရေး လှုံ့ဆော် လှုပ်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်အခြေစိုက် Burma Campaign UK က ကြေညာချက်ထုတ်ပြန်ပါတယ်။        Burma Campaign UK ဟာ နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းမလုပ်ဆောင်ကြဖို့ တိုက်တွန်း လှုံ့ဆော်တဲ့ အဖွဲ့ဖြစ်ပြီး အဲဒီလိုပတ်သက်တဲ့ လုပ်ငန်းတွေကိုတော့ ညစ်ပတ်တဲ့ စီးပွားရေးလုပ်ငန်းစာရင်း-Dirty List အဖြစ် စာရင်းပြုစုဖော်ပြပါတယ်။        စစ်တပ်ပိုင် မြဝတီဘဏ်နဲ့ အလုပ်လုပ်နေတာကို Western Union ဘက်က ရပ် ဆိုင်းလိုက်တဲ့အပေါ် Burma Campaign UK နဲ့ International Campaign for the Rohingya တို့ကလည်း ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီး စစ်တပ်ပိုင် လုပ်ငန်းနဲ့ မပတ်သက်တော့တဲ့အတွက်လည်း Dirty List ကနေလည်း ပယ်ဖျက်ပေးပြီး ဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါတယ်။        ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် UN-FFM ကလည်း တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် စစ်တပ်နဲ့ ပတ်သက်တဲ့ မိသားစုလုပ်ငန်းတွေနဲ့ စီးပွားရေး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ Burma Campaign UK က စာရင်းပြုစုထုတ်ပြန်ထားတဲ့ Dirty List ထဲမှာတော့ မြန်မာနိုင်ငံမှာအခြေစိုက်ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားလုပ်ငန်းစု  မြန်မာပေါ်စကိုစတီးလ်ကုမ္ပဏီလီမိတက်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီတွေအပါအဝင် အောက်ဖော်ပြပါ လုပ်ငန်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
2 years Ago

နိုင်ငံတကာသုံး မာစတာကတ် ပြည်တွင်းမှာ ပြုလုပ်နိုင်ပြီ

နိုင်ငံတကာမှာ အသုံးပြုနိုင်တဲ့ Easi Travel Master Card ကို ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံသားတွေ ပြုလုပ် အသုံးပြုနိုင်ပြီလို့ သမ၀ါယမဘဏ်လို့ ခေါ်တဲ့ စီဘီဘဏ်ရဲ့ ဥက္ကဋ္ဌ ဦးဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။ ဒီမတိုင်ခင်က နိုင်ငံတကာကတ်ကိုင်ဆောင်သူတွေ ပြည်တွင်းလာတဲ့အခါ ငွေထုတ်ယူနိုင်တဲ့ ၀န်ဆောင်မှုပဲ ရှိခဲ့ပြီး မြန်မာနိုင်ငံသားတွေအတွက် ပြည်တွင်းမှာ ကတ် ပြုလုပ်ပေးနိုင်ခြင်း မရှိပါဘူး။ အခု မြန်မာနိုင်ငံသားတွေအနေနဲ့ Easi ကတ် ပြုလုပ်လိုရင် စီဘီဘဏ်မှာ လျှောက်လွှာကြေး ကျပ် ၈၀၀၀ ပေးပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ Easi ကတ် အသုံးပြုသူတွေဟာ လစဉ်ကြေး အမေရိကန် ၂ ဒေါ်လာ၊ ငွေသား ၁ ကြိမ် ထုတ်ယူရင် ၀န်ဆောင်ခ ၃ ဒေါ်လာနဲ့ ငွေထပ်မံဖြည့်တင်းခအတွက် မြန်မာကျပ်ငွေ ၁၀၀၀ ကုန်ကျမယ် ဖြစ်ပါတယ်။ ဒီ ကတ်အသုံးပြုနိုင်တဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ အင်တာနက် အွန်လိုင်းကနေ ငွေပေးချေမှုတွေကိုလည်း ကိုယ်တိုင် လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကတ်ကို နိုင်ငံခြား ယူဆောင်သွားပြီး ငွေကုန်သွားသူတွေအတွက် ပြည်တွင်းနေသူ တယောက်ယောက်က စီဘီဘဏ်မှာ ၀န်ဆောင်ခပေးပြီး ထပ်မံငွေဖြည့်သွင်းခိုင်းတာလည်း လုပ်လို့ ရတယ်ကြောင်း ဦးဖေမြင့်က ရှင်းပြပါတယ်။
8 years Ago

ဘဏ်ခွဲမရှိတဲ့ ကျေးလက်တွေကို ဖုန်းနဲ့ ငွေလွှဲဝန်ဆောင်မှုပေးမည်

စီဘီဘဏ်အပါအ၀င် ဘဏ်တချို့ဟာ လာမယ့် စက်တင်ဘာလက စပြီး ဘဏ်ခွဲတွေမရှိတဲ့ မြို့နဲ့ ကျေးလက်တွေကို မိုဘိုင်းဖုန်း အသုံးပြုပြီး ငွေလွှဲဝန်ဆောင်မှုပေးသွားမယ်လို့ စီဘီဘဏ် ဒါရိုက်တာ ဦးဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။ ဒီ လုပ်ငန်းဟာ သိပ်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးတဲ့ အာဖရိကတိုက်နိုင်ငံတချို့မှာ လုပ်ကိုင်ခဲ့တဲ့ နည်းနာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဘဏ်နဲ့ အေးဂျင့်တွေပေါင်းပြီး ၀န်ဆောင်မှု ပေးသွားမယ်လို့ သူက ရှင်းပြပါတယ်။ ငွေလွှဲသူဟာ ငွေလက်ခံမယ့်သူကို ဖုန်းကနေ လျှို့ဝှက် ကုဒ် နံပါတ် တခုပေးပြီး ငွေထုတ်သူက အဲဒီ ကုဒ်နဲ့ အေဂျင်စီ တွေမှာ လွှဲပေးငွေကို သွားရောက် ထုတ်ယူနိုင်မယ့် ရိုးရှင်းတဲ့စနစ်ဖြစ်ကြောင်း သူက ပြောပါတယ်။ လုပ်ငန်း စတင်ကာစအချိန်မှာ ငွေကျပ် အများဆုံး ၁၀ သိန်း၊ သိန်း ၂၀ ပမာဏာလောက် အထိပဲ လွှဲပေးတာတွေ လုပ်နိုင်ဦးမယ်လို့လည်း သူက ပြောပါတယ်။
9 years Ago

၃ လအတွင်း မာစတာကတ် အကြိမ် ၉၀၀၀ နီးပါး သုံးစွဲ

မြန်မာနိုင်ငံအတွင်း လာရောက်တဲ့ နိုင်ငံခြားသားတွေဟာ စီဘီဘဏ် အေတီအမ် ငွေထုတ် စက်တွေကနေ ၃ လအတွင်း မာစတာကတ် အကြိမ် ၉၀၀၀ ကျော် အသုံးပြုပြီးငွေသား အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော် နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၁ ဒဿမ ၄ ဘီလီယံ နီးပါး ထုတ်ယူသုံးစွဲခဲ့ကြောင်း စီဘီဘဏ် ညွှန်မှူးဦးဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံတကာမှာ သုံးနေတဲ့ မာစတာကတ်နဲ့ ဗီဇာကတ်တွေကို မြန်မာနိုင်ငံအတွင်းက စီဘီဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့က အေတီအမ်စက်တွေမှာ ငွေထုတ်ယူနိုင်တဲ့အပြင် ဟိုတယ်ကြီးတချို့နဲ့ စားသောက်ဆိုင်ကြီးတချို့ကလည်း လက်ခံလာပြီး အသုံးပိုများလာတယ်လို့ ဦးဖေမြင့် က ပြောပါတယ်။
9 years Ago
Up